31

51.5K 4.8K 138
                                    

"အခန်းနံပါတ်​ ၅၆..ဒီအခန်းဘဲ.."

မနက်​​ငါးနာရီအချိန်​ဖွင့်​သည့်​​ဈေးသည်​တစ်​ဦးထံမှလိုအပ်​သည်​များကိုဝယ်​ကာလိပ်​စာအတိုင်းလာခဲ့သည်​။ကျုံး​ဘေးဘက်​ဆို​တော့အိုး​ဝေနှင့်​သာလာရသည်​။ဈေးက​တော့ညီ
ုဖြစ်​သူကကူခင်း​ပေးထားမည်​ဟုဆိုသဖြင့်​အဆင်​​ပြေရ
သည်​။ထမင်းဟင်းချက်​တာကြာမျှမကြာ​လေဘဲ။ပြောထားသည့်​အခန်း​ရှေ့​ရောက်​သည်​နှင့်​​နေရန်​ဘဲလ်​ကိုနှိပ်​လိုက်​သည်​။ထွက်​မလာ​သေးတာ​ကြောင့်​​နောက်​တစ်​ချက်​နှိပ်​လိုက်​သည်​။ထို့​နောက်​..​နောက်​တစ်​ချက်​။

"ဘယ်​သူလဲကွာ....ဟင်​..မင်း.."

ဝုန်းခနဲတံခါးကိုဆွဲဖွင့်​လိုက်​​တာ​ကြောင့်​​နေရန်​လန့်​သွားသည်​။စိုင်းညီယံလင်းလည်း​နေရန့်​ကိုမြင်​​တော့အံ့သြသွား
ဟန်​။

"ဘာလာလုပ်​"

စိုင်းညီယံလင်းဘက်​ကစ​မေးလိုက်​သည်​။

"မင်းဘဲ ထမင်းချက်​​ပေးဆို အဲ့ဒါ​ကြောင့်​လာတာ​လေ."

စိုင်းညီယံလင်းမျက်​လုံးပြူးသွားသည်​။

"ဒီအချိန်​ကြီးထမင်းလာချက်​တာ.."

"ငါမနက်​​ဈေးထွက်​ရ​သေးတယ်​ မင်းကိုဒီအချိန်​လာချက်​​ပေးမှရမှာ..ငါအထဲဝင်​လို့ရမလား.."

ကိုင်​လာသည့်​အထုတ်​​တွေကို​မြောက်​ပြကာ​မေးလိုက်
တော့ခန္ဓာကိုယ်​ကို​ဘေးကို​ရွေ့ကာဖယ်​​ပေးသည်။အထုပ်​​တွေဆွဲလာကာ​နေရန်​လည်းအထဲဝင်​လာခဲ့သည်​။

"မီးဖိုခန်းကဘယ်​မှာလဲ..".

"ဟိုဘက်​မှာ.."

ညွှန်​ပြသည့်​​နေရာကို​နေရန်​ဝင်​သွားလိုက်​သည်​။ပါလာ
သည့်​ပစ္စည်း​တွေကိုထုတ်​ကာ​နေရန်​ချက်​ပြုတ်​ရန်​လုပ်​ရ​တော့သည်​။စိုင်းညီယံလင်းမီးဖိုခန်းထဲဝင်​လာကာစားပွဲ​ပေါ်ထိုင်​လိုက်​ပြီး...

"မင်းကအ​စောကြီးနိုးတယ်​​ပေါ့ ​နေ့တိုင်း.."

"မင်းအသက်​ဘယ်​​လောက်​လဲ.."

You're my everything(Zaw and Uni) (Completed)Where stories live. Discover now