51

46.1K 3.9K 191
                                    

"ကိုကြီးအ​ခြေအ​နေမစိုးရိမ်​ရ​တော့​တော်​​သေးတယ်​ မင်းလည်းပင်​ပန်းသွာပြီအိမ်​ပြန်​နား​တော့​လေ"

ကြမ်းပြင်​မှာထိုင်​​နေတဲ့စိုင်းတိမ်​ယံလင်းကို​ပြောလိုက်​သည်​။အခုလူနာ​စောင့်​အဖြစ်​ညီယံ့ကိုထားခဲ့ကာလိုအပ်​တဲ့အသုံးအ​ဆောင်​​တွေအိမ်​ပြန်​ယူရသည်​။အ​မေလည်းတစ်​ပတ်​လုံးစိတ်​ပင်​ပန်းပြီး​ကောင်း​ကောင်းမအိပ်​ခဲ့တာ​ကြောင့်​အနားယူရန်​အိမ်​သို့ပြန်​​ခေါ်ခဲ့သည်​။တော်​​နေကြာအ​မေပါ​ဖောက်​သွားရင်​ဒုက္ခ​ရောက်​လိမ့်​မည်​။စိုးရိမ်​တဲ့အ​ခြေအ​နေ​ကျော်​လွန်​နိုင်​ပြီဆို​တော့​မေ​မေလည်းစိတ်​ချသွားဟန်​။

"မင်းကို​ဆေးရုံလိုက်​ပို့​ပေးမယ်​​လေ ရပါတယ်​"

အဝတ်​​ထည့်​​နေတာခဏရပ်​လိုက်​သည်​။

"မင်းလည်းငါ့​ကြောင့်​ပင်​ပန်း​နေမှာဘဲ"

ခပ်​ဖြည်းဖြည်းဆိုလာသည့်​​နေလ​ရောင်​သည်​တကယ်​ကိုအားနာ​နေဟန်​။ထရပ်​လိုက်​ကာချစ်​ရသည့်​သူအနားသွား
ပြီး​ပွေ့ဖက်​ထားမိသည်​။

"မင်းအနားမှာ​နေရပြီးမင်းအခက်​အခဲ​တွေ​ဖြေရှင်း​ပေးရတာ​အရမ်း​ပျော်​တာလ​ရောင်​ရဲ့ ဒါ​ကြောင့်စိတ်​အ​နှောက်​အယှက်​မဖြစ်​ပါနဲ့​ကွာ "

ဆို​တော့ရင်​ခွင်​ထဲက​နေလ​ရောင်​​ခေါင်း​မော့လာကာ..

"ငါကမင်းပင်​ပန်းပြီးလဲကျမှာစိုးရိမ်​တာပါ"

"ဒါဆို အာဘွား​ပေးရင်​အ​မော​ပြေသွားမှာပါ"

"မင်းဟာ​လေ"

ခေါင်းရမ်းလိုက်​ပြီး​ဖက်​ထားရာမှခွာရန်​ပြင်​​တော့မလွှတ်​​ပေ။မျက်​​မှောင်​ကျုံ့ကြည့်​​တော့နှုတ်​ခမ်းဆူပြထားသည်​။ခပ်​ဟဟရယ်​မိပြီးထိုနှုတ်​ခမ်းအားအနမ်းတစ်​ခုဖြစ်​​စေသည်​။ထိုမှ​စိုင်းတိမ်​ယံလင်းမျက်​နှာပြုံးကနဲ။

"ကူထည့်​​ပေးမယ်​"

နေလ​ရောင်​နှင့်​အတူအဝတ်​​တွေကူထည့်​​ပေးသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now