သင်္ကြန်​လက်​​ဆောင်

34.7K 2.6K 168
                                    

"ဘယ်​ရီသီး​ရေ ​ဖေကြီးဆီ လာပါဦး"

ခြံ​ပေါက်​တံခါးကို ဖွင့်​၍ဝင်​လာချင်း ခြံထဲမှာ ​ဆော့​နေသည့်​ ဘယ်​ရီသီးကို အရင်​မြင်​ရသည်​။ မြစ်​သုံး​ယောက်​ရသည့်​ အဖိုးက ခြံကို အ​​​ပေါ်အမိုး ပြန်​​ဆောက်​ကာ သူ့မြစ်​​တွေကြီးလာရင်​ ကစားဖို့ ကစားကွင်း လုပ်​​ပေးထားသည်​။ ခြံထဲကားထိုးလို့ မရတာ​ကြောင့်​ ​ဘေးအိမ်​ကို ​ဈေးပို​ပေးဝယ်​၍ car parkingလုပ်​လိုက်​ရသည်​။ ​ပျော့အိအိ​တွေနှင့်​ ကစား​နေသည့်​ ဘယ်​ရီ​မျောက်​က​တော့သူ့​ဖေကြီးလာတာ​တောင်​ အ​ရေးမလုပ်​။ ​ပျော့အိ​ပေါ်တက်​လိုက်​ ​ချောဆင်းလိုက်​ လုပ်​​နေသည်​။ လ​ရောင်​လုပ်​စရာရှိလို့ အိမ်​ထဲသွားတာထင်​သည်​ ​ဘေးမှာ ဦးစည်​က ရပ်​​စောင့်​​ပေး​နေ၏။

"ဘယ်ရီသီး!"

အံမယ်​ ​အော်​​ခေါ်ပြီး သူ့ဆီ​လျှောက်​လာတာကို မကြားမမြင်​ဘူးထင်​သည်​ သူဘာသာ ဆက်​​ဆော့​နေသည်​။

"ဘယ်​ရီသီး!"

သူ ဆင်းမည့်​ ​လျှော​ရှေ့တည့်​တည့်​ ရပ်​​လိုက်​​တော့ ကိုယ့်​ကို ​မော့ကြည့်​လာသည်​။ မျက်​​မှောင်​ကျုံ့ထားပြီး ကိုယ့်​ကို​မော့ကြည့်​လာသည်​။ အံမယ်​ လက်​​တောက်​​လောက်​​လေးက။ ချိုင်းက​နေမကာ ချီ​တော့ ​ကော့ထိုးသည်​။

"ရိုက်​မှာ​နော်​ ကိုယ့်​​ဖေကြီး အလုပ်​ကပြန်​လာတာကို လာမကြိုဘဲ ​ဆော့​နေတယ်​ ဟုတ်​လား"

"ပယ်​...​ဖေ...."

ဖယ်​တဲ့ အမယ်​​လေး အမယ်​​လေး။ ​မြက်​ခင်း​ပေါ် မတ်​တပ်​ရပ်​​စေ​တော့ ချက်​ချင်းကို ​လေးဘက်​​ထောက်​ သွားဖို့ လုပ်​သည်​။ ဖင်​ကို တစ်​ချက်​ အသာ​လေးရိုက်​ပြီး
"လက်​ပိုက်​"လို့ ​ငေါက်​​တော့ ​အောက်​နှုတ်​ခမ်း​လေး​ထော်​ကာ လက်​ပိုက်​ရှာသည်​။

"ကိုယ့်​အ​ဖေက ချီချင်​လို့ ​ခေါ်တာကို ဘာလို့ မလာတာလဲဟမ်​! ရိုက်​မှာ​နော်​ စကားနားမ​ထောင်​ရင်​!"

"အင့်​!"

"မငိုနဲ့!"

ငိုချင်​တာကို မငိုရဲ​တော့ ပါး​လေးနှစ်​ဖက်​နီကာ ​မေးစိမှာ အတွန့်​တွန့်​​လေး​တွေ ​ပေါ်​အောင်​ကို ​မဲ့လာသည်​။ ငိုတာ​တောင်​ ချစ်​ဖို့​ကောင်းလွန်းသည့်​ ဘယ်​ရီသီး​လေး​ကြောင့်​ တိမ်​ယံ နှုတ်​ခမ်းကို ကိုက်​ထားမိသည်​။ သို့​ပေမယ့်​လည်း ဖက်​နမ်းပစ်​ချက်​သည့်​ စိတ်​ကို ထိန်းကာ လက်​ညိုးထိုးလိုက်
ပြီး...

You're my everything(Zaw and Uni) (Completed)Where stories live. Discover now