52

44.9K 4.2K 280
                                    

ဒေါ်တုတ်​အခန်းထဲဝင်​လာ​တော့ထိုင်​​စေရန်​​နေလ​ရောင်​ထ​ပေးလိုက်​သည်​။ကိုကြီးကိုကြည့်​​တော့တစ်​ခုခုကိုစိုးရိမ်​​နေသလိုပင်​။

"သား​လေးသက်​သာရဲ့လား "

ထိုင်​ပြီးပြီးချင်း​နေရန့်​လက်ကိုကိုင်​ပြီး​မေးလိုက်​သည်​။

"ဟုတ်​"

ဒေါ်တုတ်​​ပြောရ​​ကောင်းမလားဟုစဉ်းစား​နေပြီးမှသက်​ပြင်းချကာ..

"​ပြောရမှာ​တော့အားနာ​ပေမယ့်​ကွယ်​အ​ဒေါ့်သား​လေးအစားအ​ဒေါ်​တောင်းပန်​ပါတယ်​ကွယ်​"

"ဟုတ်​."

နေရန်​"ဟုတ်​"တစ်​ခုသာ​ပြောနိုင်​သည်​။ကျလာသည့်​မျက်​ရည်​​တွေကို​ဒေါ်တုတ်​လက်​ဖမိုးနှင့်​ပွတ်​ဆွဲလိုက်​ပြီး..

"အ​ဒေါ့်သား​လေးကိုတရားမစွဲပါနဲ့လားကွယ်​ အ​ဒေါ်က​ရောဂါသည်​ပါကွယ်​အ​ဒေါ့်သား​လေးအပြုအစုကိုဘဲအားကိုး​နေရသူပါ အ​ဒေါ့်သားက​ထောင်​ထဲ​ရောက်​သွားရင်​အ​ဒေါ်တစ်​​ယောက်​ထဲဘယ်​လို​နေရမလဲမသိလို့ပါ သား​​နေရန့်​ကိုအ​ဒေါ်​တောင်းပန်​ပါတယ်​ကွယ်​ အ​ဒေါ်ဒူး​ထောက်​​တောင်းပန်​ပါတယ်​"

"ဟာ! အရီးတုတ်​..ညီ ထူလိုက်​ဦးကွာ"

ချက်​ချင်းကြီးကြမ်းပြင်​မှာဒူး​ထောက်​လိုက်​သည့်​​ဒေါ်တုတ်​​ကြောင့်​​နေရန်​ထိပ်​ကနဲ။ဘေးကရပ်​ကြည့်​​နေသည့်​​နေလ​ရောင်​ကလည်းမလုပ်​ရန်​တားပြီးအမြန်​ထ​စေပါသည်​။
ထိုအခါမှ​ဒေါ်တုတ်​ပိုလို့ပင်​ငိုလာကာ..

"အ​ဒေါ့်သားကလူမိုက်​ကြီးကိုဖြစ်​​နေတာကွယ်​ သူ့အစားလိုက်​​တောင်းပန်​​နေရ​တော့အ​ဒေါ်မရှက်​​တော့ဘူးကွယ့်​ သား​လေးတို့ဒုက္ခ​ရောက်​တုန်းကလည်းအ​ဒေါ်လိုသ​လောက်​ကူညီခဲ့တယ်​​လေအ​ကြွေး​တောင်​အ​ဒေါ်သားတို့အဆင်​​ပြေမှလာ​ပေးလို့​ပြောခဲ့ဖူးပါတယ်​ သား​ဇေယျလုပ်​ရပ်​​တော့အ​ဒေါ်​တောင်းပန်​ပါတယ်​ကွယ်​ အ​ဒေါ့်မှာဒီသား​လေးတစ်​​ယောက်​ဘဲရှိလို့ပါ"

သားအပြုအစုယူရတဲ့မိခင်​တစ်​​ယောက်​ကို​နေရန်​သနားပါသည်​။မိမိကိုယ်​တိုင်​ကိုကအ​ဖေနှင့်​အ​မေကို​စောင့်​​ရှောက်​​နေရသူမလား။ကိုယ်​သာမရှိရင်​အ​ဖေတို့ဒုက္ခ​ရောက်​မှာပင်​။အရီးတုတ်​ခံစားချက်​ကိုနားလည်​ပါသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now