"ကိုကိုလေး မိဘုတ် ဒါတွေလွှင့်ပစ်လိုက်ရမလား..."
စက်ချုပ်ရင်းတစ်ဖက် လှည့်ကြည့်တော့ မိဘုတ်မလက်ထဲမှာ ရောင်စုံတွေ။မနေ့က ထုတ်ကြည့်မိရင်း မသိမ်းခဲ့ရတာထင်သည်၊
"မလွှင့်နဲ့ ငါ့ကိုပေး...ငါမသိမ်းလိုက်မိတာ.."
"ကုန်နေပြီကို လွှင့်ပစ်လိုက်မယ်မရှိဘူး .."
"လျှာကိုရှည်တယ် နင်ဟာလေ.."
"ကုန်နေတာကို အိမ်ရှုပ်အောင်ထားဦးမယ်.."
မိဘုတ်က ပွစိပွစိနှင့်ရေရွတ်ရင်း ရောင်စုံတွေပြန်ပေးလာသည်။
"ဒါချုပ်ထားပေး.."
မိဘုတ်မအား ချုပ်လက်စကို လက်စသတ်ရန် မှာထားခဲ့သည်။ထို့နောက် ဘုရားစင်ရှေ့က သေတ္တာဆီသို့သွား၍
သေတ္တာကိုဖွင့်လိုက်သည်။ဖွင့်လိုက်သည်နှင့် မြင်ရသောအရာသည် ကုတ်အင်္ကျီအရှည်အနက်လေးနှင့်အတူ ရောင်စုံတွေထည့်သည့်ကတ်ထူလေး။မနေ့က ဘာစိတ်ကူးပေါက်မှန်းမသိဘဲ ထုတ်ကြည့်မိပြီး ပြန်မသိမ်းခဲ့မိ။ဘဝမှာ
ဈေးကြီးသည့်ရောင်စုံတွေကို သုံးခဲ့ရလို့လား၊တစ်ခြားသောအကြောင်းပြချက်ကြောင့်လားမသိ ထိုပစ္စည်းတွေကို
မလွှင့်ပစ်ရက်ခဲ့။ကတ်ဘူးကိုယူလိုက်ပြီး ရောင်စုံတွေကိုပြန်ထည့်လိုက်ကာ သေတ္တာထဲထားလိုက်သည်။
ထို့နောက်အင်္ကျီကို ယူလိုက်ပြီး..
"ငါမင်းကို ပြန်ပေးဖို့ မေ့နေခဲ့တာဘဲ.."ထိုအင်္ကျီအား လရောင်နမ်းရှိုက်လိုက်သည်။ထို့နောက်
ပြုမိသည့်အပြုအမူကြောင့် ခေါင်းလေးမတ်ကနဲဖြစ်သွားပြီး...."ငါဘာလို့နမ်းနေတာလဲ...ရူးနေတာလား.."
အမြန်ပင် အင်္ကျီအား ပြန်ထည့်ကာ သေတ္တာကိုပိတ်လိုက်သည်။
"ငါရူးနေပြီ.."
စိတ်မလုံသဖြင့် ဘေးဘီဝေ့ဝဲကြည့်မိတော့ မည်သူမျှမရှိသည်ကြောင့်တော်ပါသေး။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥