"အိပ်လာတာလား လာ လာ"
လရောင်အား ကျောပေါ်ကနေ အိပ်ရာပေါ်သို့
အမေ့အကူအညီနှင့် ဖြည်းညင်းစွာချရသည်။
အိပ်ရာပေါ်ရောက်တော့ အင်း အဲ အသံပေးကာ
အိပ်သွားပြန်သည်။လက်တစ်ဖက်က ခန္ဓာကိုယ်အောက်
ရောက်နေသည်ကြောင့် အမေကပြန်ပြင်ပေးနေသည်။"အမေ သားတို့စကားပြောကြရအောင်"
"အင်း အမေလည်းပြောစရာရှိနေတာ "
လရောင်ကို အပြင်မှာ ခဏထားခဲ့ကာ အမေ့အိပ်ခန်းအတွင်းသို့ ဝင်၍ ပြသနာများအတွက် ဖြေရှင်းရမည့်နည်းလမ်းဆွေးနွေးရမည်။
"သားတို့်အကြွေးအတွက်ဘယ်လိုလုပ်မလဲ"
"အမေတောင်းပန်ကြည့်မယ်လေ"
"မရဘူးအမေ သား သွားပြီးပြီ သူကသားတို့တစ်အိမ်ထဲတင်မဟုတ်ဘူး သားတို့ဘက်တစ်ခြမ်းလုံးဝယ်ထားပြီး
သူ့စီမံကိန်းဆိုလားအဲ့တာလုပ်မလို့တဲ့ သားတို့ကအကြွေးနဲ့မလို့အကြွေးနဲ့သိမ်းလိုက်တာ""ဇေယျကလည်းကွယ် အမေတို့နဲ့ခင်မင်မှုကိုတောင်မထောက်ဘူးလားကွယ်"
"သားတို့ဆင်းပေးရမယ်ဆိုတာ သေချာသွားပြီအမေ။
မဟုတ်ရင်သားသူတို့နဲ့လိုက်သွားရမှာ""အို...သားရယ် သားတော့မထည့်ပေးနိုင်ပါဘူး အိမ်ပေါ်ကဘဲဆင်းပေးမှာပေါ့ကွယ် အမေ့သားတွေအမေမပေးရက်ပါဘူး "
"ဆင်းပေးရင်သားတို့ဘယ်သွားနေကြမလဲ"
"ဟင်း အမေလည်းမစဉ်းစားတတ်သေးပါဘူး"
နေရန်ခေါင်းငိုက်စိုက်ကြသွားသည်။
"အမေလည်း အသိမရှိတော့သားရယ်"
ဟုတ်ပါသည်။ဒေါ်စန်းသည် မိဘမဲ့တစ်ယောက်ဖြစ်သည်။အဖေက မည်သူ၊အမေကမည်သူဆိုတာ ဘာမှမသိချေ။ငယ်ရွယ်ကတည်းက မိဘမဲ့ကျောင်းမှာ နေထိုင်လာခဲ့ပြီး
အသက်၂၅လောက်မှာ ထိုနေရာမှထွက်လာကာ
အလုပ်တစ်ခုလုပ်ခဲ့သည်။ထိုအချိန်မှာဘဲ ကိုနေနှင့်မေတ္တာချင်းမျှကာ တစ်သားတည်းဖြစ်တည်မှုကို ရွေးချယ်၍လက်ထပ်ခဲ့သည်။သို့ပေမယ့် တစ်နှစ်လောက်သာ
ကိုယ့်အပေါ်ကို ယောကျာင်္းတာဝန်ကျေပွန်ခဲ့သည်။
နောက်ပိုင်းတွင်တော့ အရက်သောက်လာပြီး
ရိုက်နှက်လာတတ်သည်။လက်ထပ်ပြီးခါစ
အလုပ်မလုပ်သော ကျွန်မသည် နောက်ပိုင်းတွင်
ထမင်းစားသောက်ဖို့အတွက် လုပ်တတ်သည့်
အကြော်ရောင်းခြင်းကို လက်ကိုင်ပြုရသည်။ကလေးရှိလာ၍ ကိုနေပြောင်းလဲသွားမည်ဟု ထင်သော်လည်း
ဒုံရင်းအတိုင်းပင်။အခုတော့နေထိုင်ဖို့ရာအတွက် မည်သို့ပြုလုပ်ရမည်ဆိုတာ တကယ်ကိုမသိတော့ပေ။အသိဆိုသည်မှာလည်း တစ်ယောက်မှမရှိ။ရှိတဲ့တစ်ယောက်လည်းအကူအညီမတောင်းချင်။ ကိုယ့်သဘောနှင့်ဂေဟာကထွက်လာခဲ့သည်ကြောင့် ခုချိန်လည်း အကူအညီတောင်းလို့မဖြစ်ပေ။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥