27

47.4K 5K 86
                                    

မ​နေ့ကအထိ မနားတမ်း အလုပ်​​တွေ​တောက်​​လျှောက်​လုပ်​ခဲ့ရတာ​ကြောင့်​ ဒီ​နေ့ကုမ္ပဏီကို​ ​နောက်​ကျမှသွားဖြစ်​ခဲ့သည်​။လုပ်​ငန်းတိုးချဲ့မှု​တွေက တစ်​ခါလုပ်​ရင်​တစ်​ခါ​ ​တော်​​တော်​နှင့်​မပြီးဘဲ အလုပ်​ရှုပ်​ရသည်​။ဒီလထဲမှာ​ ​ကျောက်​မျက်​ရတနာပြပွဲနှင့်​ တိုက်​ခန်းအ​ရောင်းပြပွဲရှိသည်​။ထိုအတွက်
ပြရမည့်​ လက်​ဝတ်​ရတနာ​တွေရဲ့ဒီဇိုင်း​တွေကို အခုဆွဲထားသမျှ စိုင်းတိမ်​ယံလင်း သ​ဘောမ​တွေ့​ပေ။ထို့​ကြောင့်​​အ အကောင်းဆုံးဆုရသည့်ဒီဇိုင်​နာအား ဆွဲခိုင်းရ​ကောင်းမလားလို့ စဉ်းစားမိသည်​။

"ဦးစည်​.."

"သခင်​​လေး.."

ပြန်​ထူးလိုက်​​ပေမယ့်​ အ​နောက်​သို့လှည့်​မလာဘဲ​ အန္တရာယ်​ကင်းကင်းကား​မောင်း​နေဆဲ။

"ဟိုတစ်​​ယောက်​က ဘယ်​သူလဲ.."

"ဘယ်​သူလဲ သခင်​​လေး.."

"အ​ကောင်းဆုံးဆုရတဲ့တစ်​​ယောက်​.."

"အာ..​တောင်းပန်​ပါတယ်​သခင်​​လေး ကျွန်​​တော်​မ​နေ့က
ကြည့်​မလို့ဘဲသယ သခင်​​လေးညီယံလာတာနဲ့ မကြည့်​လိုက်​ရဘူး"

"ရတယ်​ ရတယ်​...ကုမ္ပဏီ​ရောက်​ရင်​ကြည့်​ပြီး ကျွန်​​တော့လာ​ပြော​ပေး"

"ဟုတ်​..သခင်​​လေး..​ရောက်​ပါပြီ.."

တံခါးဖွင့်​​ပေးရန်​ ဦးစည်​က အရင်​ဆင်းသည်​။မက်​စ်​နှင့်​ဦးထုပ်​ကို​ဆောင်း​နေရင်း ရုတ်​တရက်​ ကား​မှန်​က​နေတစ်​ဆင့်​ မြင်​ရသည့့်နီရဲရဲလူတစ်​​ယောက်​သည်​ သူ့ရဲ့အမြင်​ကိုဖမ်းစားလိုက်​သည်​။

"လ​ရောင်​လား.."

အိုး​ဝေထဲမှာရှိသည့်လူကို နှုတ်​ခမ်း​လေးဆူကာဆူကာစကား​ပြော​နေပါ​သော လူတစ်​​ယောက်​။စိုင်းတိမ်​ယံလင်းရင်​ထဲ ဒိန်းကနဲဖြစ်​သွားသည်​။ထို့​နောက်​ ထွက်​သွားသည့်​အိုး​ဝေ​လေးကို သွားတက်​​လေး​ပေါ်​အောင်​ ပြုံးပြ​နေသည်​က မိုး​ရေထဲမှာ သွားတက်​​လေး​တွေ​ပေါ်​အောင်​ပြုံးပြကာ ကိုယ့်​ကို တာ့တာ့ပြ​နေသည့်​​ကောင်​​လေးနှင့်​ တစ်​ပုံစံတည်း။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now