မာတောင့်ကာကြီးလွန်းလှသောခန္ဓာကိုယ်ကြောင့်နေလရောင်ဖက်အိပ်ရတာကောင်းလွန်းလှသည်။ကိုကြီးခန္ဓာကိုယ်ကဘယ်တုန်းကဒီလောက်ကြီးသွားတာပါလိမ့်။အစားတွေစားလို့ဝလာတာထင်ပါ၏။
"ဟိဟိ..ကောင်း လိုက်တာ"
အသံထွက်ရွေရွတ်ပြီးပါးနှင့်ထိုနောက်ကျောပြင်ကြီးအားပွတ်သပ်လိုက်သည်။ပြီးနောက်ခပ်တင်းတင်းပွေ့ဖက်ကာဖြင့်ပြန်အိပ်ဖို့ပြင်လိုက်သည်။
"နိုးရင်လည်းထတော့လေ လရောင်"
ရင်ဘက်ကပေါ်က လရောင်ခေါင်းလေးကို တစ်ချက်ငုံ့နမ်းလိုက်သည်။ကြက်ကြော်နံ့ကမပျောက်သေး။အိပ်ရာခင်းလည်းပြန်လဲခိုင်းရတော့မည်နေလရောင်မွှေတာနှင့်။ခုနကတည်းကနိုးရဲ့နဲ့မထသေးဘဲရက်ဘက်ပေါ်လှုပ်စိလှုပ်စိလုပ်နေတာပင်။
"ဪ ထတော့လို့ရေချိုးတော့အနံ့တွေစွဲနေပြီကွ"
နေလရောင်မျက်မှောင်ကျုံ့သွားသည်။ဘယ်လိုလုပ်စိုင်းတိမ်ယံလင်းအသံကြားနေရတာလဲ။အိမ်ကိုလာတာလား။အိပ်ချင်နေသည့်မျက်လုံးကိုအားတင်းကာဖွင့်ကြည့်တော့အဖြူရောင်နံရံတွေကိုမြင်ရသည်။ဟင်! ငါ့အိမ်ကဝါးထရံနဲ့ပါ။ရုတ်တရက်မိမိအောက်ကခုအိပ်ထားတဲ့အရာကိုအကြည့်ရောက်တော့အိပ်ရာလည်းမဟုတ်ဘူး။ဘာကြီးတုန်း။ဆတ်ကနဲခေါင်းထောင်ကြည့်လိုက်တော့ကိုယ်ရောက်နေတာလူတစ်ယောက်ခန္ဓာကိုယ်ပေါ်ကို။အရှေ့ကိုကြည့်တော့စိုင်းတိမ်ယံလင်း။
အခု စိုင်းတိမ်ယံလင်းခန္ဓာကိုယ်ပေါ်ခွအိပ်ထားတာပင်။
"အား!!! မင်း"
"ဟာ!! လရောင်ဘာလုပ်တာလဲ..."
ရင်ဘက်ကိုတစ်ဒုန်းဒုန်းနဲ့ထုလာသောနေလရောင်။
အားမပြင်းပေမယ့်နာတော့နာသဖြင့်ထိုလက်လေးတွေကိုဖမ်းပေမယ့်မမိ။"မင်းကဘာလို့ငါ့အောက်ရောက်နေတာလဲ၊ မင်းငါ့ကိုဘာလုပ်တာလဲ"
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥