Married Life 8

35K 3K 337
                                    

"မိန်းမ​နေရာမှာ​နေရာတာရှက်​လို့လား"

နေရန်​ဘာမှမ​ပြောနိုင်​​တော့။တကယ်​ကိုပန်း​သွေးစိုင်​ဆိုသည့်​မိန်းက​လေးအားဒီလိုမထင်​ခဲ့ရိုးအမှန်​။လူ​တွေကိုအပြင်​ပိုင်းဘဲကြည့်​ပြီးမဆုံးဖြတ်​နဲ့ဆိုတာတကယ်​အမှန်​ပင်​။

"ညီမက ညီယံ့ကိုချစ်​​နေတယ်​လို့​တော့ မ​ပြောဘူးမလား"

"မငြင်း​တော့ပါဘူး ဟုတ်​တယ်​ ညီမ ကိုစိုင်းကိုအရမ်းချစ်​တယ်​ ကိုစိုင်းနဲ့မြိတ်​မှာဆုံကတည်းကချစ်​ခဲ့တာ"

နေရန်​သက်​ပြင်းသာချမိသည်​။မထင်​မှတ်​စရာ​တွေပါ။

"ညီမကအလစ်​​ချောင်းတိုက်​ခိုက်​ချင်​တယ်​ဖြစ်​မှာမလို့ အကို​နေရန်​ကို သတိကြို​ပေးထားတာပါ"

"အင်း အင်း ညီမသ​ဘော ညီမလုပ်​ချင်​သလိုလုပ်​ပါ"

မထုံတတ်​​သေးမျက်​နှာ​ကြောင့်​ပန်း​သွေးစိုင်​စိတ်​တိုလာသည်​။မနာလိုပြီးကိုစိုင်းကိုပြသနာရှာမှဖြစ်​မည်​​လေ။

"​ယောကျာ်းဆိုတာမိန်းမမာယာ​အောက်​က​ပြေးမလွတ်​ပါဘူး ဒါဆိုအကိုသိတယ်​မလား"

"အကို​ပြောတာခဏ​နား​ထောင်​ညီမ အင်း ငါ့ညီမကတကယ်​ကိုလှပထက်​မြက်​တဲ့မိန်းမတစ်​​ယောက်​ပါ"

ပန်း​သွေးစိုင်​မျက်​ခုံးပင့်​မိသည်​။ပွဲ​တောင်​မစ​သေးဘူးအချိုလာသပ်​​နေတာဘဲ။

"ညီမရဲ့ဖူးစာရှင်​အစစ်​ကိုညီမအချိန်​တန်​ရင်​ရှာ​တွေ့မှာပါ
သူများရဲ့အိမ်​​ထောင်​​ရေးတစ်​ခုကို​ဖောက်​ဖျက်​တဲ့သူကကိုယ့်​အိမ်​​ထောင်​​ရေးလည်းသာယာမှာမဟုတ်​ဘူးညီမ"

"​ပြောချင်​တာက အကို​နေရန်​ကမစ​သေးပါဘဲအရှုံး​ပေးတယ်​​ပေါ့"

"အရှုံး​ပေးတာမဟုတ်​ပါဘူးနိုင်​မှာမဟုတ်​လို့ညီမကိုလမ်းမှားမ​ရောက်​​စေချင်​တာပါ ​ပြောရမယ်​ဆိုအကိုက​တော့အကို့အချစ်​ထက်​ညီယံ့အချစ်​ကိုပိုယုံတယ်​ ဘယ်​​တော့မှ​မ​ပြောင်းလဲသွားမယ့်​အချစ်​မျိုး "

"ဒါက​တော့မ​ပြောနိုင်​ဘူး​လေ ​ပြောင်းလဲချင်​ရင်​​ပြောင်းလဲမှာဘဲ ကံတရားကဖန်​တီးလို့မှမရတာ"

You're my everything(Zaw and Uni) (Completed)Where stories live. Discover now