29

46.7K 4.7K 142
                                    

"​မြေး​လေး ဘာဖြစ်​​နေတာလဲမင်းသိလား​မောင်​စည်​.."

မ​နေ့ကပြန်​လာပြီးကတည်းက​မြေးမျက်​နှာမှိုင်​​နေ​တာကိုရိပ်​မိသည်​။ညစာလည်းမစား မနက်​ကျလည်းမနက်​စာ မစားသည့်​အပြင်​အခန်းကိုပါ​အထဲက​သော့ပိတ်​ထားသည်​။သော့အပိုနှင့်​ဖွင့်​ဝင်​လို့ရ​သော်​ငြား​မြေးစိတ်​ရှုပ်​မှာစိုးရိမ်​၍လွတ်​ထားရသည်​။မောင်​စည်​ကလည်းမ​နေ့က​မြေးဖြစ်​သူနှင့်​လိုက်​သွားသဖြင့်​​မေးကြည့်​ပါကအ​ကြောင်းစုံသိနိုင်​လိမ့်
မည်​။

"ဟုတ်​ကဲ့.."

"ခဏ ထိုင်​ပြီး ငါ့ကိုအ​ကြောင်းစုံ​ပြောပြ.."

မျက်​နှာချင်းဆိုင်​မှာဝင်​ထိုင်​လိုက်​ပြီးမ​နေ့ကအဖြစ်​အပျက်​များကို​​ဦးစည်​ပြန်​​ပြောပြသည်​။

"မ​နေ့ကသခင်​​လေးက​နေလ​ရောင်​တို့နဲ့ရန်​ကင်း​တောင်​ဘက်​ကိုလိုက်​သွားပါတယ်​ ​​ရေကြက်​​ကြော်​ဆိုင်​မှာ
နေလ​ရောင်​ဘက်​က​မိန်းက​လေးတစ်​​ယောက်​က​ချော်​လဲ
ပြီးသခင်​​လေးအ​ပေါ်ကျသွားမလိုဖြစ်​တယ်​ ဖမ်းလိုက်​ရင်​ရမယ်​ဆို​ပေမယ့်​သခင်​​လေးက​ရှောင်​လိုက်​တာ​ကြောင့်​​နေလ​ရောင်​စိတ်​ထင့်​သွားတယ်​ထင်​ပါတယ်​.."

ဦးဝစိုင်းသက်​ပြင်းချလိုက်​သည်​။မြေးကသူ့အ​ကြောင်းကိုမ​ပြောရ​သေးဘူးဘဲ။မ​ပြောလို့မရ ကိုယ့်​ရဲ့အားနည်းကို​ပြော
ပြထားမှ အန္တရာယ်​က​ရှောင်​နိုင်​မည်​မလား။

"အဲ့​ကောင်​​လေးအိမ်​မင်းမှတ်​မိလား.."

"ဟုတ်​ကဲ့.."

"ငါ့ကိုလိုက်​ပို့..အခု.."

"ဗျာ..."

ဦးစည်​​မင်​သက်​သွားသည်​။

"သူ့အိမ်​လိုက်​ပို့လို့ ငါ့​မြေးဝမ်းနည်း​နေတာငါမကြည့်​ရက်​ဘူးခုသွားမယ်​.."

"ဟုတ်​ ဟုတ်​ကဲ့..."

ဦးစည်​ပျာပျာသလဲအိမ်​​ရှေ့ကိုအမြန်​​ပြေးသွားပြီးကားကိုအဆင်​သင့်​လုပ်​ထား​ပေးသည်​။ထို့​နောက်​​နေလ​ရောင်​အိမ်​သို့ကား​လေးကတ​ရွေ့​ရွေ့.။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now