37

47K 4.3K 282
                                    

ရှေ့က စားစရာ​အပြည့်​ရှိ​နေ​သောတွန်းလှည်း​တွေကိုကြည့်​ရင်း​နေလ​ရောင်​လျှာသပ်မိသည်​။မနည်းမ​နောအစားအစာ​တွေမဟုတ်​။ထမင်းပန်းကန်​ကိုကိုင်​ရင်းလှည်းတစ်​လှည်းဆီကို​လျှောက်​ကြည့်​​နေသည်​။(​ရေခဲမုန့်​​ရောင်းတဲ့တွန်းလှည်း​လေး​လေ..အလှဆင်​ထားသလို​လေး..)

"ဒီထဲကအစပ်​ဆုံးအစားအစာကဘာလဲဟင်​.."

ဝန်​ထမ်းမ​လေးတစ်​​ယောက်​ကို​မေးလိုက်​သည်​။

"ဒီပင်​လယ်​စာပါရှင်​.."

"ဟုတ်​ကဲ့.."

အ​ရှေ့ကနီနီရဲရဲပင်​လယ်​စာသည်​​နေလ​ရောင်​ကိုလာလှည့်​ပါဟုဖိတ်​​ခေါ်​နေသ​ယောင်​။အစပ်​မစားခိုင်း​သောကိုကြီးလည်းမရှိဘူးမလို့အဝစားပစ်​မယ်​။

"ကျွန်​​တော်​ဒါထည့်​မယ်​​နော်​.."

မင်းကို ငါစားရပြီ ဟူ​သောအပြုံးကြီးနဲ့ခပ်​သည့်​ဇွန်းကို​ကောက်​ကိုင်​လိုက်​သည်​။ကိုင်​လိုက်​ချင်းမှာပင်​ လက်​ကိုဖျန်းကနဲရိုက်​ချခံလိုက်​ရသည်​။

"အာ့..ခင်​ဗျား..ဘာလုပ်​...."

ရိုက်​လိုက်​သည့်​လူကိုကြည့်​​တော့စိုင်းတိမ်​ယံလင်းဖြစ်​​နေသည်​။

"မင်္ဂလာပါ ဥက္ကဋ္ဌrain."

ဝန်​ထမ်း​တွေက​ခါးညွတ်​အ​ရိုအ​သေ​ပေးကာနှုတ်​ဆက်​သည်​။

"အဲ့တာအစပ်​ မင်းကအစာအိမ်​နဲ့​လေ..ငါမရှိတုန်းကို
မင်းက​တော်​​တော်​ဆိုးတာဘဲ"

မက်​စ်​တပ်​ထားတာ​တောင်​အသံကသြဇာရှိလွန်းသည်​။

"ရပါတယ်​ ငါနည်းနည်းဘဲစားမှာ.."

ဇွန်းကိုပြန်​ကိုင်​လိုက်​သည်​။

ဖျန်း!

"အာ့..မင်း..စို​င်းတိမ်​...rain.."

နာမည်​အရင်း​ခေါ်မိ​တော့မလို့​တော်​ပါ​သေးသည်​။ရိုက်​ချခံလိုက်​ရသဖြင့်​ဇွန်း​လေးခဗျာအိုးထဲပြန်​ကြသွားသည်​။ဝန်​ထမ်း​တွေက​တော့ဘာလုပ်လို့လုပ်​ရမှန်းမသိ။နေလ​ရောင်​သွားတက်​​လေး​ပေါ်​အောင်​ရယ်​ပြကာ..

You're my everything(Zaw and Uni) (Completed)Where stories live. Discover now