40

46.3K 4.5K 183
                                    

"အာ့.."

ရွှေစင့်​​အော်​သံ​ကြောင့်​​နောက်​လှည့်​ကြည့်​​တော့​ရွှေစင့်​​ခြေသလုံးမှာစိုက်​ဝင်​​နေသည့်​ဓားတစ်​​ချောင်းကို​တွေ့ရသည်​။နေရန်​ပူထူလာကာဒူး​ထောက်​ထိုင်​လိုက်​ပြီးဓားကိုနှုတ်​လိုက်​သည်​။

"အာ့..ကို."

ရွှေစင့်​နာလွန်းလို့ဓားစိုက်​ထားသည့်​​ခြေ​ထောက်​ကမ​ထောက်​နိုင်​။နေရန့်​ပခုံးကိုအားပြု၍​ရွှေစင်​ထိုင်​လိုက်​သည်​။

"အကို​​နောက်​ထပ်​​ခြေတစ်​လှမ်းလှမ်းရင်​ဒီဓားကသူ့နှလုံးတည့်​တည့်​​ရောက်​သွားမယ်​.."

ခပ်​လှမ်းလှမ်းမှာရပ်​​နေသည့်​စိုင်းညီယံလင်းကဓားကိုလှည့်​ကစား​နေရင်းဆိုသည်​။

"ကို သူတို့ကဘယ်​သူ​တွေထဲဟင်​..​ရွှေ..စင်​..​ကြောက်​လာပြီ.."

လက်​​မောင်းကိုအားကိုးတကြီးကိုင်​ထား​သော​ရွှေစင်​လက်​သည်​အနည်းငယ်​တုန်​ယင်​​နေသည်​။ခြေ​ထောက်​ကဓားဒဏ်​ရာ​ကြောင့်​​ရွှေစင်​မတ်​တပ်​မရပ်​နိုင်​​တော့ဘဲထိုင်​​နေရသည်​။နေရန်​ကထိုဒဏ်​ရာကို​သွေးတိပ်​​စေရန်​သူ့အင်္ကျီကိုဖြဲပြီးစည်း​ပေး​နေသည်​။

"ကဲ အကိုက​ပြောမယ့်​ပုံမ​ပေါ်​တော့ကျွန်​​တော်​ဘဲ​ပြောရ​တော့မှာ​ပေါ့.."

ရွှေစင်​လှမ်းကြည့်​လိုက်​သည်​။ဘာ​တွေလဲ။

"မင်းအကိုနဲ့လမ်းခွဲလိုက်​ပါ ဘာလို့လဲဆို​တော့ငါအကို့ကိုချစ်​လို့."

ရွှေစင်​မျက်​လုံး​လေးဝိုင်းသွားသည်​။

"အကိုကမင်းမှမင်းဖြစ်​​နေ​တော့ဒီလိုလုပ်​ရုံအပြင်​မတတ်​နိုင်​ဘူး အဲ့​တော့မင်းအကို့​ရှေ့​ပေါ်မလာနဲ့​ငါသတိ​ပေးလို့မှအကို့​ရှေ့​ပေါ်လာရင်​အဲ့အခါကျမင်းအရှက်​ကိုညှာတာ​နေမှာမဟုတ်​ဘူး."

"ကို.."

ရွှေစင်​အကို့ကိုလှမ်းကြည့်​​တော့မျက်​ရည်​ဝဲ​နေ​သောမျက်​ဝန်းတစ်​စုံနှင့်​ပက်​ပင်းတိုးသည်​။

"ကဲ အကိုလည်း​ပြောစရာရှိတာ​ပြော.."

စိုင်းညီယံလင်းသတိ​ပေး​တော့​နေရန်​သည်​​ရွှေစင့်​ပါး​လေးကိုကိုင်​ကာ..

You're my everything(Zaw and Uni) (Completed)Where stories live. Discover now