10

46.7K 5K 159
                                    

"ဟက်​!နင့်​လိုမိန်းမအင်္ကျီ​တွေပဲ ဆွဲတတ်​တဲ့​ကောင်​က ဘာကိစ္စ​ဝင်​ပြိုင်​မှာလဲ ဘာလဲနင်​ကမိန်းမအင်္ကျီ​တွေ ပြိုင်​ပွဲမှာဝင်
ပြိုင်​မလို့လား"

ဟား ဟား ဟား

အသိဝင်​လာချိန်​တွင်​ လ​ရောင်​စိတ်​ထဲ တင်းတင်းကြပ်​ကြပ်​ခံစား​နေရ​တော့သည်​။

"မင်း မိန်းက​လေးအင်္ကျီ​တွေနဲ့​တော့ သွားမပြိုင်​နဲ့​နော်
အ​ခြောက်​​လေး"

ဟား ဟား ဟား

လက်​နှစ်​ဖက်​ကို လက်​သီးကျစ်​ကျစ်​ပါ​အောင်​ လ​ရောင်​စုတ်​ထားမိသည်​။ပျော့ညံ့သည်​ဟု အ​ပြောမခံချင်​သည်​​ကြောင့်​ကျရန်​ပြင်​​နေသည့်​ မျက်​ဝန်းထဲမှ အရည်​ကြည်​တို့ကို
အံတင်းတင်းကြိတ်​ကာ တားထားမိသည်​။

"မ​နေ့က ဘယ်​ဟာကိုကြည့်​ပြီး ဆရာမကနင့်​ပုံကို
ရွေးတယ်​မသိ​ပေမယ့်​ ငါ့ပုံကပိုလှတယ်​ဆိုတာ
ဒီထဲက​ကျောင်းသား​ကျောင်းသူ​တွေအကုန်​သိတယ်​။
နင့်​ရဲ့မဖြစ်​စ​လောက်​ပုံဆွဲပုံနဲ့ ငါတို့​ကျောင်းရဲ့ဂုဏ်​ကို
မဖျက်​ဆီးနဲ့"

ခေါင်းငုံ့ရင်းသာ ဘာမှမ​ပြောဘဲ​နေ​နေ​သော
လ​ရောင်​ကိုကြည့်​ကာ တိမ်​ယံသက်​ပြင်းချလိုက်​သည်​။
ထိုင်​​နေရာမှ မတ်​တပ်​ရပ်​လိုက်​ပြီး ဝတ်​စံရီတို့ဘက်
လှည့်​လိုက်​ကာ သူ့မျက်​နှာကို​ ​စေ့​စေ့ကြည့်​လိုက်​သည်​။

"အဲ့ဒီမဖြစ်​စ​လောက်​ပုံကပဲ မင်း​ကိုနိုင်​သွားမှာမလို့
စိုးရိမ်​​နေတာမလား.."

ထိုစကား​ကြောင့်​ ဆတ်​ကနဲ​ဝတ်​စံရီလှည့်​ကြည့်​လာသည်​။
လ​ရောင်​ကလည်း အထူးအဆန်း​မော့ကြည့်​လာသည်​။

"ဘာကိုဆိုလိုတာလဲ"

ဝတ်​စံရီ မသိသလို ဟန်​​ဆောင်​​မေးလိုက်​သည်​။

"မ​နေ့ကလိုမျိုး အဲ့ဒီမဖြစ်​စ​လောက်​ပုံ​လေးက မင်းကိုနိုင်​သွားမှာမလို့စိုးရိမ်​​နေတာမလား။ မင်းမယှဉ်​နိုင်​လို့
သူများကို စကား​နာထိုးပြီး မပြိုင်​ရဲ​အောင်​လုပ်​တာ​လေ"

You're my everything(Zaw and Uni) (Completed)Where stories live. Discover now