"ထိုင်နေ...ငါလိုအပ်တာတွေယူလိုက်ဦးမယ်.."
စိုင်းတိမ်ယံလင်းရုံးခန်းကိုကြည့်ပြီးနေလရောင်မှင်သက်နေမိသည်။အကျယ်ကြီးဘဲ အိမ်တစ်အိမ်စာလောက်ရှိသည်။ပတ်ပတ်လည်ကိုငေးကြည့်နေရင်းဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။စိုင်းတိမ်ယံလင်းကဖိုင်တွေကိုယူလာရင်းကိုယ့်ဘေးမှာဝင်ထိုင်သည်။နေရာအများကြီးရှိတာကိုကိုယ့်ဘေးမှာဝင်ထိုင်သည်ကြောင့်နည်းနည်းတော့ကသိကအောက်
ဖြစ်မိသည်။"မင်း နန်းရှေ့မှာမနေတော့ဘူးနော်.."
စိုင်းတိမ်ယံလင်းဖိုင်အချို့ကိုကြည့်နေရင်းပြောသည်။
"အေး ဟုတ်တယ် ငါတို့အိမ်သိမ်းခံရလို့ အခု၇၆လမ်းဘက်မှာနေနေတာ.."
"ဪ...ကွန်ပျူ တာနဲ့ကျောင်းပြီးထားတာဘဲ ဘာလို့ကျောင်းထွက်သွားခဲ့တာလဲ.."
ထိုမေးခွန်းကိုမေးတဲ့စိုင်းတိမ်ယံလင်းလေသံကအနည်းငယ်မာကျောနေသည်။ချက်ချင်းပင်သူကိုယ့်ကိုနမ်းခဲ့တာကိုအမှတ်ရလိုက်သဖြင့်စိတ်ကမလုံမလဲဖြစ်ကာနှုတ်ခမ်းကိုကိုင်မိသည်။
"ငါ့ကိုအသိတစ်ယောက်ကကိုယ်ပိုင်ကျောင်းထားပေးတာ.ငါမင်းကိုတကယ်ဒီကုမ္ပဏီပိုင်ရှင်လို့မထင်ခဲ့တာ ဒါတော့ငါအရမ်းလေးစားတယ် လူတကာအားကျရတဲ့စီးပွားရေးပညာရှင်ဖြစ်အောင်ကြိုးစားခဲ့လို့.."
စိုင်းတိမ်ယံလင်းလှည့်ုကြည့်လိုက်တော့ဖြူ ဖြူ စင်စင်နှင့်ပြုံး
ပြနေတာကိုမြင်လိုက်ရသည်။ဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေတာလဲကွာ။ဒီလိုအောင်မြင်ရအောင်လည်းမင်းအတွက်ငါလုပ်ခဲ့တာပါကွာ။"ဒါပေမယ့်အမြင်ကတ်တာတော့တစ်ခါရှိတယ်.."
မျက်မှောင်ကြုံ့၍ဆိုလာသည်။
"ဘာကိစ္စကငယ်ငယ်ကအကျင့်မပြင်ရသေးတာလဲ ဟမ်..
ကြည့်ဦး အနက်ရောင်ဝတ်စုံကြီး မက်စ်ကလည်းတပ်ထားသေး..ပြီးတော့ဘာလို့ဒီလောက်အရပ်ရှည်ရတာလဲ."
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥