"ပြန်ပေး."
"မပေးဘူး"
မိမိပိုင်ဆိုင်သည့်စာရွက်ကို ပြန်တောင်းသောအခါ
"မပေးဘူး"ဟုဆို၍ စာရေးခုံပေါ်တင်ထားသည့်
သူ့လွယ်အိတ်ထဲကို ထည့်နေသည်။သူပိုင်သည့်ပစ္စည်းမဟုတ်ပါပဲ ဘာလို့ပိုင်ဆိုးပိုင်နင်းလုပ်ရတာပါလိမ့်။
ဒါလုယက်မှုဘဲမဟုတ်လား။လွယ်အိတ်ထဲထည့်နေစဉ်အချိန်လေးမှာဘဲ ပြန်လုရန်အတွက် ထိုင်ခုံမှ လရောင်ဖင်ကြွကာ လက်အရှိန်တင်လိုက်သည်။လွယ်အိတ်ကို
ထိလုစဉ်အတွင်းမှာပဲ စိုင်းတိမ်ယံလင်းဖျတ်လက်စွာ
စာရေးစားပွဲပေါ်က လွယ်အိတ်ကိုဆွဲယူလိုက်သည်။ဘုန်း!
"အား..."
လရောင်၏လက်နှင့်စားပွဲခုံက တစ်သားထဲကျသွားကာ
အသံထွက်ပေါ်လာသည်။အသံတောင်မြည်သွားသည်ကြောင့် ဘယ်လောက်နာမည်လဲဆိုတာမ မပြောလည်းအသိ။လရောင်သူ့လက်ဖဝါးကို နောက်တစ်ဖက်လက်ဖဝါးနဲ့ပွတ်လျက် ပေါင်ကြားထဲထည့်ထားရသည်။အခုကိုယ့်ရဲ့ပုံစံကကုန်းကွကွနှင့်။လက်ကိုပွတ်လျက်ပင်
ဟိုမကောင်းဆိုးဝါးဘက်လှည့်ကြည့်တော့ ကိုယ့်ကိုစိုက်ကြည့်နေသည်။မှေးနေသည့်မျက်လုံးအရ ထိုကောင်ရီနေတာအမှန်ပင်။"ဘာဖြစ်နေတာလဲသားတို့"
ဆရာမက မေးလာသည်။အတန်းသူ၊အတန်းသားတွေရဲ့အကြည့်ကလည်း ဒီနောက်တန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း လရောင်ပြန်ုပြင်လိုက်ပြီး....
"သား ခြင်ရိုက်လိုက်တာဆရာမ.."
ခွီး...
ဟားဟား
ခွီးဆို၍ အသံထွက်ရယ်သော စိုင်းတိမ်ယံလင်းဘက်
ချက်ချင်းလှည့်ကာ မျက်စောင်းထိုးလိုက်သည်။
အတန်းသား၊သူတွေကလည်း တသောသောရီလာကြသည်။"သားရယ် အလန့်တကြား"
ဆရာမက ထိုစကားတစ်ခွန်းသာဆို၍ ကျောင်းသူတွေကို
ပန်းချီပြိုင်ပွဲအကြောင်း ပြန်ရှင်းပြနေတော့သည်။
ချက်ချင်းပင် စိုင်းတိမ်ယံလင်းဘက်လှည့်လိုက်ပြီး
ထပ်လုရန် ထိုင်ခုံပေါ်မှ ထလိုက်သည်။
သို့သော်လည်း သူ့ရဲ့စကားတစ်ခွန်းကြောင့် စစ်မဖြစ်ခင်အရှုံးပေးလိုက်ရပြန်၏။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥