Married life 2

36.7K 3K 99
                                    

"ညီယံ"

လက်​ကိုကိုင်​ကာတား​တော့ညီယံကျစ်​သပ်​လာသည်​။

"ဘာလဲ အကို ကျွန်​​တော်​​စောင့်​ရဦးမှာလား ငါးလ​တောင်​ရှိပြီ​လေဗျာ"

နေရန်​ဘာပြန်​​ပြောရမလဲမသိ​အောင်​ဝမ်းနည်းလာသည်​။ဘယ်​လို​ပြောရမလဲ​ကြောက်​​နေလို့လို့​ပြောရမလား။ဒါမှမဟုတ်​နည်းနည်း​စောင့်​​ပေးပါဦးလို့​ပြောပြရမလား။

တွေ​ဝေ​နေသည့်​အကို့မျက်​နှာကိုမြင်​​တော့​​နေ့လည်​က​ပြောသည့်​စကား​တွေကို​ညီယံပြန်​ကြားလာရသည်​။အကိုသည်​သူ့ကိုချစ်​တာမှဟုတ်​ရဲ့လား။လက်​မ​လျော့ဘဲညဝတ်​​ဘောင်းဘီကိုချွတ်​ဖို့လုပ်​သည်​။ဒီတစ်​ခါလည်းအကိုကတားလာ
ပြန်​သည်​။

"ခ..ခဏ..​လေးဘဲ..အချိန်​ဆက်​​ပေးပါ...​နော်​..ညီယံ"

ရှိုက်​သံတစ်​ဝက်​နှင့်​ဆိုလာသည့်​အသံသည်​ညီယံ့အားရပ်​တန့်​​စေပါသည်​။အကို့မျက်​နှာအားကြည့်​​တော့မျက်​ရည်​တို့ပင်​ကျ​နေသည်​။အကိုသည်​မိမိကိုခန္ဓာကိုယ်​​ပေးရခြင်းအတွက်​မျက်​ရည်​ကျသည်​တဲ့လား။စိတ်​ထဲကသံသယတို့ကပိုလို့ပင်​တိုးပွားလာသည်​။ဘောင်းဘီကိုကိုင်​ထားရာမှလွှတ်​ကာ​ဘေးမှာဝင်​အိပ်​​နေလိုက်​​တော့သည်​။သို့​သော်​အကို့ကို​တော့​နောက်​​ကျော​ပေးထားမိသည်​။

"ညီယံ"

အကို့ရဲ့မရဲတရဲအသံ​လေး။

"ညီယံ"

"ကျွန်​​တော်​အိပ်​ချင်​ပြီ"

မျက်​ရည်​တို့သည်​​နေရန့်​ပါးပြင်​​ပေါ်ခစားသည်​။

"ငါ့ကိုဖက်​မအိပ်​ဘူးလား"

"ကျွန်​​တော်​တစ်​ကိုယ်​လုံး​ညောင်းကိုက်​​နေလို့ ​ကျေးဇူးပြုပြီးကျွန်​​တော်​တစ်​​ယောက်​ထဲ​နေပါရ​စေ"

နေရန်​ဆက်​ပြီးဘာမှမ​ပြောနိုင်​​တော့​ပေ။ညီယံသူ့ကိုစိတ်​ဆိုးသွားသည်​ဘဲ။ရင်​ထဲက​တင်းဆို့ဆို့ခံစားချက်​​ကြောင့်​​နေရန်​အသံမထွက်​ဘဲအံကြိတ်​ငို​နေမိသည်​။သူပင်​ပန်း​နေသည်​မလား။မိမိ​ခေါင်းအုံး​ပေါ်​သေချာအိပ်​ကာ​နောက်​​ကျော​ပေးအိပ်​​နေသည့်​​ညီယံ့ကို​နောက်​က​နေသိုင်းဖက်​ထားလိုက်​သည်​။ရုန်း​တော့မရုန်း​ပေ။ဒီလိုအဝတ်​ဖုံးကွယ်​မထားတဲ့​နောက်ေ​ကျာပြင်​ကိုနာကျင်​မှုစတင်​သည့်​အချိန်​တွင်​ဖက်​ထားချင်​ပါသည်​။ဒါ​ပေမယ့်​အနည်းငယ်​​ကြောက်​ရွံ​နေသည်​။ထို့​နောက်​​ကျောပြင်​​ပေါ်အား​နေရန်​တစ်​ချက်​နမ်းလိုက်​ကာ..

You're my everything(Zaw and Uni) (Completed)Where stories live. Discover now