"အခုလည်း ပါမလာပြန်ဘူးလား ဦးစည်.."
ဦးစည်သက်ပြင်းချလျက် ခေါင်းယမ်းပြလိုက်သည်။မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ပွတ်သပ်လျက် ပူဆွေးမှုတို့ဖြေဖျောက်နေသော သခင်လေးအားကြည့်ပြီး သူလည်း
စိတ်မကောင်း။"ရှာခိုင်းထားတဲ့ အဖွဲ့ကော..."
"မတွေ့သေးဘူးသခင်လေး ရဲတွေကလည်း ရှာနေဆဲပါပဲ"
"ရှစ်နှစ်တောင်ရှိနေပြီလေဗျာ တွေ့သင့်တာပေါ့.."
စိတ်ပျက်စွာ ရေရွတ်ပြီးနောက် မျက်နှာကိုလက်နှင့်အုပ်၍
ငိုကြွေးမိသည်။ရှစ်နှစ် ရှစ်နှစ်ရှိပြီ လရောင် ငါမင်းကိုရှာနေခဲ့တာ။မင်းဝါသနာအလျောက် ဒီလမ်းကိုလျှောက်လိမ့်မလားလို့မှန်းဆရင်း မျှော်နေခဲ့တာ။ခုချိန်ထိ မင်းကအပျောက်ကောင်းနေဆဲ၊ ဒီဇာတိမှာပဲလား အခြားနေရာမှာများလား မသိဘဲ ငါမင်းကိုရှာနေတုန်းဘဲ။ကျေးဇူးပြုပြီးကွာ ....ဒီ့ထက်ပိုပြီး မပုန်းကွယ်ပါနဲ့တော့။ဒီ့ထက်ပိုပြီးတော့လည်း တိမ်ယံဘာမှဆက်မလုပ်နိုင်။အ
အယောက်ထောင့်ငါးရာထဲမှာ နေလရောင်ဆိုသည့်နာမည်မပါဘူးဆိုကတည်းက သူ့ရဲ့အားအင်တွေ လျော့သွားသလိုပင်။"ခုမှအယောက်တစ်ထောင့်လေးရာပဲ လာထပ်သေးတာသခင်လေး ၁၀၀လိုသေးတယ် မနက်ကျစောင့်ကြည့်ပါဦး.."
"ကျန်သေးတာလား.."
မျှော်လင့်ချက်တို့ ပြန်လည်အသက်ရှင်လာသည်။
"ဟုတ်တယ် သခင်လေး မနက်အထိစောင့်ပါဦး.."
"ကောင်းပြီ..အခြေအနေကျွန်တော့်ဆီ ပြန်ပြောပေးပါ"
"ဟုတ်ကဲ့ သခင်လေး.."
ဦးစည်ထွက်သွားမှ စားပွဲပေါ်မှာတင်ထားသည့် မှန်ဘောင်လေးအား ယူကြည့်မိသည်။သူဆွဲပေးထားတယ့် ကိုယ့်ရဲ့မျက်နှာလေးသည် အလယ်က တိပ်ကြောင့် ရုပ်ဆိုးနေပေမယ့် ကိုယ့်အတွက်တော့ အရမ်းလှသည့်ပန်းချီကားပင်။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥