57

39.5K 3.3K 140
                                    

"ပင်​ပန်း​နေပြီလား"

ပြတင်း​ပေါက်​အနားမှာရပ်​ရင်းအပြင်​​လောကကိုကြည့်​ကာအပန်း​ဖြေ​နေသည့်​ညီယံ့​နောက်​​က​နေဖက်ကာ​ကျော​ပေါ်နဖူးအပ်​လိုက်​သည်​။ပြတင်း​ပေါက်​​ဘောင်​​ပေါ်တင်​ထားသည့်​ညီယံ့လက်​သည်​မိမိလက်​​ပေါ်​ပြောင်းလဲ​ရွေ့လျားလာ
သည်​။

"တိမ်​ယံနဲ့အဖိုး​ကျေးဇူး​ကြောင့်​ကျွန်​​တော့ကိုရှိန်​​နေကျတယ်​ထင်​တယ်​အဆင်​​ပြေသွားတယ်​ ဒါ​ပေမယ့်​​နောက်​တစ်​ခါ​တော့ကျွန်​​တော့ကိုယ်​ပိုင်​အစွမ်းအစနဲ့ကျွန်​​တော့ကို​လေးစား​စေရမယ်​"

"ကြိုးစား​ပေါ့ ငါကမင်းအ​မော​ပြေ​အောင်​ချစ်​စကား​တွေဆို​ပေးတဲ့တီတီတူးကြက်​တူ​ရွေး​လေးလုပ်​​ပေးမယ်​"

"အကိုစကားတတ်​တယ်​ဗျာ"

မျက်​နှာချင်းဆိုင်​လှည့်​ကာအကို့​ခေါင်း​လေးအားနမ်းလိုက်​သည်​။

"ကျွန်​​တော်​နဲ့လိုက်​ခဲ့​ပေး သွားစရာရှိတယ်​"

"ဟင် ဒီအချိန်​ကြီး"

"၃နာရီ​ကျော်​ဘဲရှိ​သေးတယ်​​လေအကိုရဲ့"

"မသိတဲ့အရပ်​​လေ ညမသွားတာ​ကောင်းပါတယ်​"

"ဘာမှမဖြစ်​ပါဘူး လာပါ ကျွန်​​တော်​အကို့အတွက်​လုပ်​ထားတာရှိလို့"

"ဘာလဲ"

"အဲ့​ရောက်​ရင်​သိမယ်​ အ​နွေးထည်​ဝတ်​ရ​အောင်​ 
အေးတယ်​"

ကုတင်​​ပေါ်တင်​ထားသည့်​အ​နွေးထည်​ယူကာအကို့ကိုဝတ်​​ပေးလိုက်​သည်​။ကမ်း​ခြေဘက်​သွားမှာဆို​တော့အထူဝတ်​​ပေးဖို့ကလုံးဝအ​ရေးကြီးဆုံးအချက်​ပင်​။ပါပန့်​ကျွန်းဘက်​ထိမ​ရောက်​​သော်​လည်းမ​ဝေးသည့်​hotelတစ်​ခုမှာတည်းရသည်​။မဟုတ်​ပါကအကို့အတွက်​ရည်​ရွယ်​သည့်​အရာကိုအကိုမြင်​သွားနိုင်​​ချေရှိသည်​။

"ဘာ​တွေပြုံး​နေတာလဲ ညီယံ မဟုတ်​တာ​တွေ
မ​တွေးနဲ့​နော်​"

နေရန်​အ​နွေးထည်​လက်​​အပေါက်​ထဲလက်​ထိုးရင်းမ​ကျေမနပ်​​ပြောလိုက်​သည်​။ညီယံခပ်​ဟဟရယ်​ကာကြယ်​သီးတပ်​​ပေးပြီးအကို့နှုတ်​ခမ်း​လေးကိုတစ်​ချက်​ဖိကပ်​လိုက်​သည်​။ဦးထုပ်​​လေးကို​ဆောင်း​ပေးကာပခုံးကိုဖက်​လိုက်​​တော့လူလည်​​လေးက​ခါးကိုပြန်​ဖက်​လာသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now