20

46.7K 4.7K 49
                                    

"ဒါက ဝယ်​ရမယ့်​​ဆေး​တွေ​ ရေးပေးထားတယ့်​စာရွက်​ပါ"

နေရန့်​လက်​ထဲ​ ဆေးနာမည်​​ရေးထားသည့်​ စာရွက်​​ရောက်​လာသည်​။ ထိုစာရွက်​အားကြည့်​​တော့ အင်္ဂလိပ်​လို​ရေးထားသည့်​​ ဆေးနာမည်​ငါးခုကို​ ​တွေ့လိုက်​ရသည်​။
နည်း​သော​ဆေးအ​ရေအတွက်​ဆို​ပေမယ့်​​ ​ဆေးတစ်​ခု၏​ဈေးပမာဏသည်​​ တော်​​တော်​​လေး​ပေးရမည်​။သို့​သော်​လည်း ဝင်းထဲကအ​ဒေါ်​တွေစု​ပေးလိုက်​​သော ပိုက်​ဆံ​တွေသည်​ထို​ဆေးဖိုးအတွက်​​တော့ လုံ​လောက်​ပါသည်​။စာရွက်​အား​သေချာ​ခေါက်​၍ အိတ်​​ထောင်​ထဲထည့်​ကာ​ သူနာပြုဆရာမတစ်​ဦးအား​ ဆေခဏသွားဝယ်​မည်​​ကြောင့်​ အ​မေ့ကိုကြည့်​​ပေးထားရန်​ပြောခဲ့ပြီးထွက်​လာခဲ့သည်​။

......................................................................

လေယာဉ်​ထွက်​ချိန်​မကျ​သေး​သော​ကြောင့်​ ဦးစည်​နှင့်​အတူ လူ​တွေနှင့်​ခပ်​​ဝေး​ဝေး​နေရာတစ်​​နေရာမှာ ထိုင်​​နေရသည်​။
မျက်​စိ​ရှေ့က နံရံဖြူ​ဖွေး​ဖွေးကိုကြည့်​ကာ အ​တွေး​တွေကို
နယ်​ချဲ့​နေမိ၏၊ ဒီအချိန်​ဆို​ လ​ရောင်​ဘာလုပ်​​နေမလဲ။
ကျောင်းထွက်​လိုက်​တယ်​ဆို​တော့ အိမ်​နဲ့ပြသနာဖြစ်​ပြီးသူ့မိဘ​တွေက မထား​တော့တာလား၊သူက ​ကျောင်း​မ​နေချင်​​တော့ဘူးဟု​​ပြောလို့ သူ့မိဘ​တွေက​ ​ကျောင်းထုတ်​​ပေးရတာလား။ ထိုသို့အ​တွေး​ပေါင်းမျိုးစုံဖြင့်​ တိမ်​ယံ​ဂနာမငြိမ်​​ဖြစ်​​နေရသည်​။ ထို့ထက်​ အထူးခံစား​နေရသည်​က သူ့ကိုလွမ်းသည့်​စိတ်​ပင်​။ အမြဲတမ်း ကိုယ့်​ကိုရန်​​တွေ့တတ်​သည့်​​နေလ​ရောင်​ကို လွမ်းသည်​။ရယ်​လိုက်​ပါက သွားတက်​​လေး​ပေါ်ကာ မှေးကျသွားသည့်​ မျက်​လုံး​လေးကို ပိုင်​ဆိုင်​ထားသည့်​​လ​ရောင်​ကို လွမ်းသည်​။နံရံကို​ ​ငေးစိုက်​ကြည့်​​နေရာမှ အကြည့်​လွှဲကာ ​လက်​ထဲမှာကိုင်​ထားသည့်
လ​ရောင်​ပုံ​လေးကိုကြည့်​​မိသည်​။

"သခင်​​လေး ​ဝင်​ရ​အောင်​ပါ.."

ထွက်​ခွာဖို့အချိန်​ကျပြီဖြစ်​​ကြောင်း သတိ​ပေးလာသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now