34

47.1K 4.5K 240
                                    

"သား​လေးလ​ပြေ​လေးဘာဖြစ်​သွား​သေးလဲ.."

elevatorထဲမှထွက်​ထွက်​ချင်းမာမီ​ဒေး၏စိုးရိမ်​​သောအသံကအရင်​ကြိုဆိုသည်​။အခန်းကိုကြည့်​ချင်​သည်​ဟုဆိုသည်​​ကြောင့်​မာမီ​ဒေးနှင့်​မာမီ​ဂျေကိုလိုက်​ပြဖို့၁၁ထပ်​သို့တက်​လာခြင်း။ခု​တော့ဓာတ်​​လှေကား​ရှေ့​ရောက်​သည့်​တိုင်​လိုရာသို့မ​ရောက်​ရှိ​သေး။

"ဘာမှမဖြစ်​ပါဘူး မာမီ​ဒေးရယ်​.."

"ဟုတ်​ရဲ့လား​အေ ဟို​ကောင်​ကအားနဲ့တွန်းလိုက်​တာပါ"

"ရပါတယ်​ မာမီရယ်​.."

"မာမီတဲ့လား...မထင်​ရဘူး​နော်​.."

အထင်​​သေး​သောအသံပြုကာဝတ်​စံရီ​ရှေ့တည့်​တည့်​သို့လာရပ်​သည်​။နေလ​ရောင်​လည်းငယ်​ငယ်​ကတည်းကအနည်းငယ်​မျှခင်​ခဲ့တဲ့သူမို့နှုတ်​ဆက်​လိုက်​သည်​။

"မ​တွေ့တာကြာပြီ​နော်​..ဝတ်​စံရီ"

အပြုံး​လေးနှင့်​နှုတ်​ဆက်​​သော်​လည်းနှာ​ခေါင်းရှုံ့ကာ
မလိုသလိုအပြုအမူသာပြန်​ရသည်​။

"ဒါနဲ့ နင်​ကဒီမှာဘာလာလုပ်​တာလဲ."

"ဒီကုမ္ပဏီမှာရှိမှ​တော့အလုပ်​လုပ်​​ဖို့​ပေါ့​အေ."

ဂျေ ​ရှေ့ကမာယာတစ်​သိန်းနှင့်​​မိန်းက​လေးကိုကြည့်​မရ။တစ်​​လောကလုံးကသူ့လုပ်​စာထိုင်​စား​နေရသလို။အသံကလည်းပဲဆီက​တောင်​အရှုံး​ပေးရသည်​ချွဲပြစ်​ပြစ်​နှင့်​။

"မထင်​ရဘူး​နော်​ ​နေလ​ရောင်​..စပွန်​ဆာ​တွေနဲ့လား
တကယ်​အစစ်​အမှန်​နဲ့အလုပ်​ဝင်​တာ​ကောဟုတ်​ရဲ့လား.."

နေလ​ရောင်​တစ်​ကိုယ်​လုံးပူထူသွားသည်​။ကိုယ့်​ကိုအခုဘာအတန်းအစားထဲဆွဲသွင်းလိုက်​တာလဲ။

"ဟဲ့..​ညည်း...နင်​ကဒီက​ပြောခွင့်​ဆိုခွင့်​ရှိသူလား..
ရိုင်းလိုက်​တာဟယ်​ရုပ်​​လေးနဲ့မှမလိုက်​."

ဂျေကရွံရှာသလိုမျက်​​စောင်းထိုးကြည့်​ရင်း​ပြောလာသည်​။ဝတ်​စံရီက​တော့ဂရုမစိုက်​မထီသလိုမျက်​နှာထားနှင့်

You're my everything(Zaw and Uni) (Completed)Where stories live. Discover now