32

50.5K 4.8K 303
                                    

"မင်း ဘယ်​​တွေသ​ဝေထိုး​နေ​တာလဲစိုင်းညီယံလင်း."

အိမ်​ထဲဝင်​ဝင်​ချင်းဧည့်​ခန်းက​နေစီးကြို​နေသည့်​အ​ဖေဖြစ်​သူအသံ။ကြား​နေကြစကားများအတိုင်းနှိပ်​ကွပ်​သည့်​စကားများသာ။မသိဟန်​​ဆောင်​၍အခန်းကိုသာသွားရန်​ဆုံးဖြတ်​၍​လှေကားသို့သွားလိုက်​သည်​။

"ဘယ်​သွားမှာလဲ ငါ​ပြောစရာရှိတယ်​..ခုချက်​ချင်းဒီလာခဲ့"

သက်​ပြင်းချကာ​ဧည့်​ခန်းထဲကို​ခြေဦးလှည့်​ရပြန်​သည်​။ရောက်​လျှင်​ပင်​ချက်​ချင်းမျက်​နှာ​ပေါ်ဖျာကျလာသည့်​စာရွက်​စာတမ်း​တွေ။စိုင်းညီယံလင်းမျက်​လုံးကိုတင်းတင်းမှိတ်​ထားကာ​ဒေါသ​ဖြေခြင်းရလဒ်​အဖြစ်​လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ထားမိသည်​။

"မင်း​တော်​​တော်​ ဆိုး​နေပြီဘဲ မင်းကုမ္ပဏီဘယ်​အ​ခြေအ​နေထိ​ရောက်​​နေပြီလဲဆိုတာမင်းသိရဲ့လား."

အဲ့​တော့ဘာဖြစ်​လဲဆိုတဲ့မျက်​နှာထားဖြင့်​အ​ဖေဖြစ်​သူအား
ပြန်ကြည့်​လိုက်​သည်​။ဦးစိုင်းလင်း​ဒေါသထွက်လွန်းလို့ထိုင်​ရာမှထကာခါး​ထောက်​၍​ဒေါသတို့​အားဖြေ​လျော့​ရသည်​။

"မင်းအဲ့မျက်​နှာ​ဘေးကိုပြင်​စမ်း..မင်းအဲ့​လောက်​ထိမယားပူမိ​နေတာလား ဟမ်​..အခုကြည့်​ မင်းကုမ္ပဏီရဲ့တစ်​နှစ်​လုံးဝင်​​ငွေကအရင်းရဲ့တစ်​ဝက်​​တောင်​မရှိဘူးကွ မင်းသိရဲ့လား
စိုင်းညီယံလင်း ဟမ်​...စီးပွား​ရေးကက​လေးကစားစရာ
မဟုတ်​ဘူး..​တောက်​!.."

"ကျွန်​​တော်​ပြန်​​လျော်​​ပေးရင်​ပြီးသာဘဲမလား."

"ဘာ!..မင်းအခုချိန်​ထိအသိတရားမရ​သေးဘူးလား."

"ဘာကိုအသိတရားရရမှာလဲ.."

"မင်းဘဝပျက်​​နေပြီ​နော်​ စိုင်းညီယံလင်း ဘဝပျက်​​နေပြီ"

အံတင်းတင်းကြိတ်​၍ဦးစိုင်းလင်းဆိုသည်​။

"မပျက်​ပါဘူး ကျွန်​​တော့ကားကွင်းကကျွန်​​တော့ကိုပိုက်​ဆံ​တွေ​ပေး​နေပါတယ်​.."

You're my everything(Zaw and Uni) (Completed)Where stories live. Discover now