I Saw You ( 1 ) 🍀

1.7K 143 11
                                    

ZG ver. . .

At GIMC Hospital

Na - " ကိုယ်ဝန်ဆောင်မိခင်တွေက ထုံဆေးထိုးလို့မရပါဘူး.. "

Sa - " ကျွန်မမှာ ကိုယ်ဝန်မ "

သူမ ပါးစပ်ကို ပိတ်လာသည့် လက်ပိုင်ရှင် မိန်းကလေးဟာ
လက်တစ်ဖက်ကလဲ သူမရဲ့ပခုံးကို တင်ကျပ်နေအောင်ဖက်ထားလျှက် သူမရုန်းလို့မရအောင်
ရင်ခွင်ထဲသို့ အတင်းဆွဲထည့်လိုက်သည်..။ အသက်အရွယ်နဲ့ မလိုက်အောင် ရှည်လွန်းသည့် အရပ်က သူမထိုင်နေသည့် ကုတင်အမြင့်လောက်တော့ မပြောသာ..။

Sa - " ummmm...."

သူမ အတင်းဆွဲဖယ်ပါသော်လည်း မရ.. ။ လက်တစ်ဖက်ကလည်း အဖက်ခံထားရ၍ လှုပ်မရ..။

Tzu - " ဟုတ်ကဲ့.. ဒီအတိုင်း အစိမ်းဘဲချုပ်ပေးလို့ရပါတယ်.."

ရှိသမျှအားအကုန်သုံးပြီး Sanaကို ဖက်ထားရသည်မို့ စကားကိုပင် ပီသအောင် မနည်းညှစ်ပြောလိုက်ရသည်..။ သူမတို့နှစ်ယောက်ပုံစံကို ကြည့်နေသည့် Nayeon ကတော့ Tzuyuစကားကြောင့် ဘေးနားက ချုပ်အပ်ကိုယူလိုက်ပြီး ဒဏ်ရာကြောင့် သွေးစတွေ စွန်းထင်နေတဲ့ ဖြူဖွေးဖွေး Sanaခြေထောက်ကို ကိုင်ကာ ချုပ်ရမည့် ဒဏ်ရာကိုကြည့်လိုက်သည်..။

Na - " ချုပ်ပါတော့မယ်..အရမ်းမနာအောင် ချုပ်ပေးပါ့မယ်.. မကြောက်ပါနဲ့.."

သူမခြေထောက်ဒဏ်ရာနားရောက်လာသည့် ချုပ်အပ်ကိုကြည့်ပြီး မျက်လုံးတွေကို ဇုန်မှိတ်ကာ သူမရဲ့ မျက်နှာကို Tzuyuရင်ခွင်ထဲသို့ အပ်လိုက်သည်..။ ကြောက်လွန်း၍ အသံထွက်မလာတော့သည့် ရင်ခွင်ထဲက Sanaကြောင့်တော့ Tzuyu - Sanaရဲ့ ခေါင်းလေးကိုကိုင်ပြီး ဖက်ထားပေးလိုက်၏..။

တုန်နေတဲ့ ခြေထောက်ဖြူဖွေးဖွေးလေး၌ စွန်းထင်နေတဲ့သွေးစတွေရှိမနေတော့ ချုပ်ရာလေးတစ်ခုသာ ကျန်ရှိခဲ့တော့သည်..။

Na - " ချုပ်လို့ပြီးသွားပါပြီ.."

ထိုတော့မှ ရင်ခွင်ထဲမှာ ဝှက်ထားတဲ့ မျက်နှာဟာ သူမရဲ့ ခြေထောက်က ဒဏ်ရာဆီသို့ရောက်လာခဲ့သည်..။ ပါးပြင်က မျက်ရည်စတွေကြောင့်တော့ Tzuyuစိတ်မကောင်းပါ..။ အခုလို Sana ခြေထောက်မှာ ဒဏ်ရာရသွားရတာလည်း သူမကြောင့်ပင်..။

I Saw You    || SaTzuWhere stories live. Discover now