Zg ver.
" ခေါင်းမူးနေသလို ခံစားရလား? "
" ဟင့်အင်း "
" ဒါဆိုရပြီ "
Jeongyeonမေးနေတာတွေကို တစ်ခုချင်း Tzuyuပြန်ဖြေပေးနေပေမဲ့ သူမ မျက်လုံးတွေက သူမကို ကြည့်မနေတဲ့ ခပ်လှမ်းလှမ်းက Sanaဆီ၌သာရှိနေသည် ။
" Unnieနဲ့အတူ seoulက ဆေးရုံကိုလိုက်ခဲ့မလား? "
" Jeong Yeon Unnie ~ "
" အွန် , ပြောလေ Tzu "
" ဘယ်လိုဖြစ်ပြီး သူက ဒီကိုရောက်နေတာလဲ? "
Sanaကို တစ်ချက် Jeong yeon လှည့်ကြည့်လိုက်တော့ အခန်းထဲကနေ Sanaထွက်သွားခဲ့သည် ။ သူမအနေနဲ့ ဘားမှအကူမရဘဲ ယောင်လည်လည်ဖြစ်နေရမဲ့အတူတူ အခန်းထဲကထွက်သွားလိုက်တာ အကောင်းဆုံးဖြစ်မည်ထင်၍သာ အခန်းထဲက ထွက်သွားခဲ့ခြင်းဖြစ်သည် ။
" သူက ဒီအတိုင်း ဒဏ်ရာတွေနဲ့လဲနေတာတွေ့လို့ unnieခေါ်လာတာ .. သူ့နာမည်က Sanaတဲ့ အခုရက်ပိုင်း Tzuကို သူဘဲကြည့်ပေးနေတာလေ "
" မဟုတ်ပါဘူး .. သူက Sanaမဟုတ်ဘူး .. Sanaသာဆို Tzuအနားမှာဘဲ သူနေမှာပေါ့ .. အခုလို အခန်းထဲက ထွက်သွားမှာတောင်မဟုတ်ဘူး "
အခန်းထဲမရှိတော့တဲ့သူကို မျက်စောင်းထိုးပြီး ပြတင်းတံခါးဘက်ကို ကြည့်လိုက်သည့် Tzuyuကြောင့် Jeong yeonပြုံးလိုက်ရင်း
" Sanaက သူစိမ်းမလား? .. ပြီးတော့ ခေါင်းကိုထိထားလို့ အတိတ်မေ့နေတယ် .. သူ့နာမည်ကလွဲပြီး ဘားမှမမှတ်မိလို့ unnieလည်း ဒီမှာဘဲ ခေါ်ထားလိုက်တာ "
" အတိတ်မေ့နေတာ ?! "
" အွန်းး "
-
-
-ဧည့်ခန်းထဲမှာ TVကြည့်နေသည့် Sanaအနားသို့ Jeong Yeonရောက်လာခဲ့သည် ။ Jeong yeonကို Sanaမော့ကြည့်လိုက်ရင်း ထိုင်နေရာက ထရပ်လိုက်တော့
" တစ်ခုခုထူးရင် ကျွန်မဆီ ဖုန်းဆက်ပေးပါ "
" ပြန်တော့မှာလား ? "
" ဟုတ်ကဲ့ , နေ့လည် ဟောပြောပွဲအမှီပြန်ရမှာမို့ပါ .. ကျွန်မကို ခွင့်ပြုပါအုံး "
" ဟုတ် , ကားကို ဂရုစိုက်မောင်းပါ "
အနားက ထွက်သွားပြီးမှ တစ်ခုခုကို သတိရလိုက်ပုံနှင့် Jeong Yeon , Sanaကို လှည့်ကြည့်လိုက်သည် ။
YOU ARE READING
I Saw You || SaTzu
Fanfictionပုံပြင်တွေ ပုံပြင်တွေ နားထောင်ဖူးလား နားေထာင္ဖူးလား unnie? unnie?