I Saw You ( ဇာတ်ကြောင်းပြန်ခြင်း : 2 ) 🍀

393 52 2
                                    

Zg ver.

ကော်ဖီဆိုင်ရဲ့ အရှေ့မှာ
မျက်နှာချင်းဆိုင်ရပ်ပြီး
တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည့် Nayeonနဲ့ Chaeyoung ။
မနေ့ညက အများကြီး ငိုထားခဲ့ပုံရတဲ့
Chaeyoungရဲ့ မျက်လုံး‌တွေဟာ
Nayeonကို တွေ့ချင်နေပုံမရဘူး ။
အကွာအဝေးကို အနည်းငယ်
ဖြေလျော့ဖို့အတွက် Nayeon သူမရဲ့
ခြေလှမ်းတွေကို လှမ်းဖို့ပြင်တော့
Chaeyoungက သူမရဲ့ မျက်လုံးတွေကို
မှိတ်ကာ လေသံသာသာလောက်လေးနဲ့
တောင်းဆိုလာသည် ။

" ကျေးဇူးပြုပြီ မလာပါနဲ့ .. Chaeng , unnieကို မတွေ့ချင်ဘူး "

လက်ကိုကျစ်နေအောင် ဆုပ်လိုက်ပြီး
Nayeon အရှေ့ကို လှမ်းတော့မဲ့
သူမခြေလှမ်းကို အနောက်သို့
ပြန်ဆုတ်လိုက်သည် ။

" ပြောစရာရှိတယ် "

" Unnieရဲ့ အသံကိုလည်း မကြားချင်ဘူး "

" ခဏလောက်ဆို ဖြစ်ပါတယ် .. Unnie , chaengကို ပြောစရာရှိလို့ပါ "

" မကြားချင်ဘူးလို့!! "

ဒေါသတွေဟာ အက်ကွဲသံတွေအပြည့် ။ ရဲတတ်လာပြန်တဲ့ Chaeyoungရဲ့ မျက်သားတွေမှာ နာကြီးချက်တွေအထင်းသား ။
တံတွေးကို အသာမျိုချလိုက်ပြီး
Nayeonခေါင်းကို အသာညိတ်ကာ

" အွန်းပါ .. နားလည်တာမို့ ခဏလောက်ဘဲ Unnieပြောမဲ့ စကားကို နားထောင်ပေးလို့မရဘူးလား? Chaeng "

" ဟက် , နားလည်တာလား? .. ဟွန့် , နားလည်တယ်တဲ့လား? .. မဟုတ်ဘူး , Unnieဘားမှ နားမလည်ပါဘူး .. နားမလည်လို့ဘဲ နားမလည်လို့ဘဲ~~ "

ပါးပြင်ပေါ် ဖောက်ခနဲကျလာတဲ့
မျက်ရည်စတွေကို ကိုယ်ချစ်ရတဲ့
မိန်းကလေးရဲ့ မျက်နှာမှာ
ကိုယ့်ကြောင့်ပါဆိုတဲ့ ခေါင်းစဉ်နဲ့
ဘယ်သူမှ မမြင်ချင်ကြပါဘူး ။
Chaeyoungရဲ့ စကားသံတွေဟာ
တိမ်ဝင်လိုက် ပျောက်သွားလိုက်နဲ့
တစ်ချက်တစ်ချက် ငိုသံတွေပါ
Nayeonကြားနေရသည် ။
သိပ်မကွာတဲ့ အကွာအဝေးတစ်ခု
ဆိုသော်ငြှားလည်း Nayeonမှာ
သူမခြေလှမ်းတွေကို အရှေ့ကို
လှမ်းခွင့်မရဘူး ။ အရင်လို
ချစ်ရသူရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို
သူမလက်နဲ့ကိုယ်တိုင် သုတ်ပေးခွင့်
မရနိုင်တဲ့ အခုအခြေကို သူမ
တစ်ကယ် သဘောမကျဘူး ။

I Saw You    || SaTzuWhere stories live. Discover now