I Saw You ( ဇာတ်ကြောင်းပြန်ခြင်း : 5 ) 🍀

335 44 13
                                    


Zg ver.


သူမတို့ ဆုံတွေ့ခဲ့တာ
တစ်နှစ်နဲ့ဆယ့်ခုနှစ်ရက်ပြည့်အနေနဲ့
Tzuyu သူမကို Freesiaပန်းတွေ
လက်ဆောင်ပေးခဲ့တုန်းက
Sana အရမ်းပျော်ခဲ့တာ ။
ဒါပေမဲ့ သူမ ပျော်ကြောင်း Tzuyuကို
အမူအရာနဲ့တောင် မပြောပြဖြစ်ခဲ့ဘူး ။

" ငါနဲ့ အမှတ်တရလေးတွေကို မှတ်မိနေပေးလို့ ကျေးဇူးတင်ပါတယ် . . "

" ငါ့ကိုရော တစ်ခုခု ပြန်မပေးချင်ဘူးလား . . ? "

ပထမဆုံးအကြိမ် Tzuဆီကနေ
သူမ ထံမှ တောင်းဆိုမှုကို ကြားရခြင်းဖြစ်၏ ။
သူမတို့ အတူတူရှိခဲ့သည့်
ကာလတစ်‌လျှောက်လုံး Chou Tzuyuဆိုတဲ့ မိန်းကလေးဟာ သူမဆီကနေ
ဘာတစ်ခုမှ တောင်းဆိုခဲ့ဖူးသည် မရှိ ။
သူမကိုတော့ အမြဲတမ်း
လက်ဆောင်လေးတွေ တာဝန်ကျေအောင်
ပေးခဲ့ဖူးသည့် Tzuအတွက်တော့
သူမဟာ လက်ဆောင်အဖြစ် ဘာတစ်ခုမှ
ပြန်မပေးဖူးခဲ့ ။
Tzuyuလိုဘဲ သူမလည်း အမှတ်တရရက်စွဲတွေမှာ
အမှတ်တရဖြစ်အောင်တော့
လက်ဆောင်လေးတွေ ပေးချင်ခဲ့တာပေါ့ ။
ဘာပြန်လုပ်ပေးရမှန်း မသိလို့
မပေးဖြစ်ခဲ့တာပါလို့ သူမပြောရင်
သူမလွန်ရာတော့ မကျဘူးမလား ။

" တစ်ကယ် ပေးရမှာလား . . ? "

" အဆင်ပြေတယ် ဆိုရင်ပေါ့ . . "

အဆင်ပြေတယ်ဆိုရင်ပေါ့တဲ့လား ။
အွန်းး ငါလည်းနင်နဲ့အနေကြာလာလို့
နင့်ဓာတ်တွေကူးပြီး အနေအေးသွားတာကို
နင်တစ်လွဲထင်နေပုံပါဘဲ ။
အဆင်ပြေတာပေါ့ ။ Sanaဆိုတဲ့ငါက
Chou Tzuyuဆိုတဲ့ နင့်အတွက်ဆို
ဘယ်အချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ်
အဆင်ပြေပြေရှိနေတတ်ပြီ ။

GM: Mrs.Chou အိမ်က ထွက်လာထဲက
သူမမှာ ပိုက်ဆံအိတ်လည်း
ပါမလာခဲ့သည်မို့ Tzuလိုတော့
သူမ တစ်ခုခုဝယ်ပြီး
လက်ဆောင်ပြန်ပေး၍ရမည်မဟုတ် ။
ပတ်ဝန်းကျင်ကို လိုက်ကြည့်မိတော့
သူမတို့နှစ်ယောက်ရယ် ကားတစ်စီးရယ်
အုံ့ဆိုင်းဆိုင်း သစ်ပင်တွေရယ်ဘဲ
ထိုနေရာ၌ ရှိသည် ။
Tzuအား သူမ ဘာလက်ဆောင်ပြန်ပေးရမှန်းမသိ စဉ်းစားရခက်နေ၏ ။
ဖြစ်ချင်နေတာတစ်ခုကတော့ သူမ အရှေ့က
Chou Tzuyuဆိုတဲ့ မိနိးကလေးကို
နမ်းပစ်ချင်နေတာပါဘဲ ။

I Saw You    || SaTzuWhere stories live. Discover now