I Saw You ( 21 ) 🍀

333 52 13
                                    


Zg ver.


Tzuyuမျက်လုံးတွေကို Sanaသေချာ စိုက်ကြည့်နေရင်းကဘဲ

" ရှင်ပြောချင်တာက .. ကျွန်မက ရှင့်မိန်းမပေါ့ .. အဲ့လိုလား? "

" အွန်းး "

" ကျွန်မက မိန်းကလေးဖြစ်တဲ့ရှင်နဲ့ လက်ထပ်ထားတာပေါ့ "

" အွန်းး "

Sanaကို Tzuyuပြန်‌ဖြေတဲ့ အဖြေက ရိုးရိုးရှင်းရှင်းလေးဘဲ " အွန်းး " တစ်လုံးထဲ ။ တည်တည်ငြိမ်ငြိမ်ဘဲ Sanaမျက်လုံးတွေကိုကြည့်နေတဲ့ Tzuyuမျက်လုံးတွေဟာ လိမ်ညာနေဟန်မပေါ်ဘူး ။
ဒါတွေဟာ အမှန်ပါလို့ Sanaကို အသိပေးနေတာက သူမရဲ့ နှလုံးသား ။

" ကျွန်မ ကုတင်ပြန်ချပေးမယ် .. ရှင်အိပ်ချင်နေပြီထင်တယ် "

Sana ‌ထိုင်နေရာက ထလိုက်ပြီး ကဗျာစာအုပ်ကို စားပွဲပေါ်တင်လိုက်ကာ ကုတင်နားကို ရောက်လာတော့ Tzuyuက သူမအရှေ့တည့်တည့်က နံရံကို ‌တွေတွေဝေဝေဘဲကြည့်လျှက်

" ငါ ဒီအတိုင်းဘဲ အိပ်ချင်တယ် "

" ရှင့်အတွက် သက်တောင့်သက်သာဖြစ်မနေဘူးလေ "

ကုတင်ကိုပြန်ချဖို့ပြင်လိုက်တဲ့ Sanaလက်တွေကို Tzuyuလှမ်းဆွဲလိုက်တော့ Sanaက Tzuyuကို မော့ကြည့်လာခဲ့သည် ။ နံရံကိုကြည့်နေရာက စိတ်အလိုမကျစွာဘဲ Sanaကို Tzuyuကြည့်လိုက်ပြီး Sanaကိုယ်ကို သူမ ကိုယ်ပေါ်သို့ရောက်အောင် ဆွဲလိုက်တော့ သူမပေါင်ပေါ်သို့ ရောက်လာသည့် Sana အား ခါးကနေ ပြန်ထမရအောင် Tzuyuဖက်ထားလိုက်သည် ။ ဒါကို အတင်းရုန်းပြီး သူမပေါ်က ဆင်ဖို့ပြင်နေသည့် Sanaကြောင့်တော့

" မရုန်းနဲ့ ငါ နာတယ် "

" လွှတ်~ "

Tzuyuရင်ဘက်ကို လက်နဲ့တွန်းပေမဲ့ နှစ်နှစ်လောက်‌သတိမေ့မြောနေတဲ့ လူမမာက သူမထက် အားပိုသန်နေသောအခါ Sanaမှာ တွန်းဖယ်မရ ။

" လွှတ်စေချင်ရင် မရုန်းဘဲ ညိမ်ညိမ်ထိုင်လေ "

" ငါ့မှာ ပိုင်ရှင်ရှိတယ်လို့ ပြောထားတယ်လေ "

" နင့်ပိုင်ရှင်က ငါလို့လည်း ပြောထားတယ်လေ "

ဘယ်လိုဘဲ သူမရုန်းရုန်း Tzuyuကိုယ်ထဲက မထွက်နိုင်မှန်းသိ၍ Sana ရုန်းနေတာကို ရပ်လိုက်သည် ။
သူမမျက်ဝန်းတွေရဲ့ အနီးနားက ထိုမိန်းကလေးရဲ့မျက်နှာကို သူမကြည့်လိုက်ပြီး

I Saw You    || SaTzuWhere stories live. Discover now