Zg ver.ဆံနွယ်အချို့ကို နားနောက်ကို Tzuyuသပ်တင်လိုက်ပြီး အိပ်ပျော်နေပြီဖြစ်တဲ့ Sanaကို ချစ်ချင်းတွေအပြည့်ပါသော မျက်ဝန်းတွေဖြင့်ကြည့်နေမိသည် ။ ခေါင်းအုံးပေါ် လက်ထောက်ပြီး ထိုထောက်ထားတဲ့လက်ပေါ်၌ သူမရဲ့တစ်ကိုယ်လုံးရဲ့အားတွေကို ထမ်းပိုးထားစေလိုက်သည် ။ ကုတင်က သိပ်မကျယ်ပေမဲ့ သူမတို့နှစ်ယောက်အတူတူအိပ်လို့ရတဲ့ အနေအထားလောက်တော့ ကျယ်၏ ။ Sanaရဲ့ပါးပြင်လေးကို Tzuyuလက်မလေးနဲ့ ပွတ်ဆွဲလိုက်ပြီး နဖူးလေးကို အသာငုံ့နမ်းလိုက်သည် ။
မြတ်နိုးခြင်းတွေဟာ Sanaနဖူးနဲ့Tzuyuနှုတ်ခမ်းတစ်စုံထိတွေ့လိုက်ချိန်မှာဘဲ ဖြစ်တည်သွားသည် ။" ကျေးဇူးတင်ပါတယ် "
-
-
-လင်းရောင်ခြည်တွေပြန်လည်ရောက်ရှိလာတဲ့ နေ့သစ်တစ်ခုရဲ့အစ၌ဖြစ်သည် ။ Mrs. Chou တစ်ယောက် အိမ်အကူအဒေါ်ကြီးနဲ့အတူ နံနက်စာပြင်ဆင်နေတုန်း ဧည့်ခန်းထဲက အိမ်ဖုန်းဟာ မည်လာသည်မို့ ချက်ပြုတ်နေရင်းက ဧည့်ခန်းဆီသို့ ရောက်လာခဲ့သည် ။
" ဟယ်လို "
" Omma~ "
" Tzu yu ?!.. Tzuyu?! "
" ဟုတ်ကဲ့, Omma "
နှစ်တွေနဲ့ချီပြီး စောင့်နေခဲ့ရတဲ့ သမီးဖြစ်သူရဲ့ အသံကြောင့်တော့ Mrs. Chouတစ်ယောက် မျက်ရည်တွေရစ်ဝဲလာခဲ့သည် ။
" အဆင်ပြေရဲ့လား? "
" ဟုတ်ကဲ့ "
" သမီးလေး Sanaရော? "
" သူ Tzuနဲ့အတူရှိနေပါတယ် .. စိတ်မပူပါနဲ့တော့ "
" ဘယ်တွေရောက်နေတာလဲ Tzuရယ် .. Omma ဘယ်လောက်တောင် စိတ်ပူနေရသလဲ "
" ဘယ်ကိုမှ ရောက်နေတာမဟုတ်ပါဘူး .. Tzuတို့အတူနေဖို့ Tzuဆောက်ထားတဲ့ အိမ်လေးမှာဘဲ အတူတူရှိနေတာပါ "
" အိမ်ကိုပြန်လာတော့မလား? "
" ဟင့်အင်း .. Tzuတို့ ဒီမှာဘဲနေတော့မယ် .. ခွင့်ပြုပေးလို့ရမလား? Omma "
အခုထိ အိပ်ပျော်နေသေးသည့် Sanaကို Tzuyuလှည့်ကြည့်ပြီး ထိုမေးခွန်းကို မေးလိုက်သည် ။ ရပ်နေရာကနေ အနားက ခုံပေါ်ကို Mrs. Chou ထိုင်လိုက်ပြီး
![](https://img.wattpad.com/cover/189900610-288-k74550.jpg)
ESTÁS LEYENDO
I Saw You || SaTzu
Fanficပုံပြင်တွေ ပုံပြင်တွေ နားထောင်ဖူးလား နားေထာင္ဖူးလား unnie? unnie?