Zg ver.
Tzuyuဧည့်ခန်းထဲကိုရောက်လာတော့ Sanaက whole milkဘူးလေးနှစ်ဘူးကိုင်ကာ Tzuyuအနားသို့ရောက်လာသည် ။
Sa - " ရော့ "
Tzu - " ကျေးဇူးပါဘဲ "
Sa - " ထိုင်လေ .. မုန့်စားမယ်မလား? "
Tzu - " အွန် "
ဆိုဖာမှာ သူမတို့ ထိုင်လိုက်ကြရင်း အရှေ့စားပွဲပေါ်က သူမတို့နှစ်ယောက်အတူတူလုပ်ထားတဲ့ muffinထည့်ထားတဲ့ ပန်းကန်ထဲကနေ muffinတစ်ခုဆီယူလိုက်ပြီး သူမတို့ မြည်းစမ်းစားကြည့်လိုက်သည် ။
Sa - " အရသာရှိသားဘဲ "
အရသာခံပြီး တစ်ကိုက်ပြီးတစ်ကိုက်စားနေတဲ့ Tzuyuဆီကတော့ ဘာfeedbackမှ မလာသေးပေ ။ မစားဖူးတဲ့အရသာမျိုးလို့ဘဲပြောရမလား ဒါမှမဟုတ် တစ်ခါးမှ သူမ muffinကို မစားဖူးတာလို့ဘဲပြောရမလား ။ စားကောင်းကောင်းနဲ့တစ်ကိုက်ပြီးတစ်ကိုက်စားနေမိသည် ။ ဘာတစ်ခွန်းမှ မဆိုဘဲ Muffinကိုသာ စားနေတဲ့ Tzuyuကို whole milkသောက်ကာ Sanaကြည့်နေမိသည် ။
Sa - " စားကောင်းလား? "
Tzu - " အော် , အွန် , အွန် ကောင်းတယ် "
Sanaမေးလိုက်တော့မှ muffinစားနေတာ ရပ်သွားတဲ့ Tzuyuပုံစံက တစ်ကယ် အူလည်လည်လေးရယ်ပါ ။
Sa - " အတူ လာနေမလား? "
Tzu - " ဟွန် ?! "
Sanaဆိုလိုချင်တာကို Tzuyuနားမလည်ပါ ။ Tzuyu သူမကိုကြည့်နေတဲ့ Sanaမျက်လုံးတွေကို သေချာပြန်ကြည့်လိုက်တော့
Sa - " Appaနဲ့Ommaက အလုပ်ကိစ္စနဲ့ မနက်ကဘဲ ခရီးထွက်သွားတာ "
ပြောရင်း whole milkကို တစ်ငုံမော့သောက်လိုက်သည် ။ ပြီးနောက် သူမဘေးက Tzuyuကို ပြန်ကြည့်ကာ
Sa - " အိမ်မှာ ငါတစ်ယောက်ထဲ ဖြစ်နေလို့လေ .. အဲ့ဒါ "
Tzu - " ငါလာနေရင် နင်နဲ့အတူဘဲ အိပ်ရမှာလား? "
Sa - " အွန် .. ငါ့အခန်းထဲမှာဘဲ အိပ်လေ "
Tzu - " အမှန်တိုင်းပြောရရင် မနက်က ငါနင့်ကို လွမ်းနေတာ Sana .. ပြီးတော့ ငါမနေတတ်ဘူး .. ငါ့အနားမှာ နင်မရှိဘူးဆိုတဲ့ ခံစားချက်က ငါ့ကိုအဆင်မပြေဖြစ်စေတယ် "
YOU ARE READING
I Saw You || SaTzu
Fanfictionပုံပြင်တွေ ပုံပြင်တွေ နားထောင်ဖူးလား နားေထာင္ဖူးလား unnie? unnie?