I Saw You ( 10 ) 🍀

562 66 0
                                    

ZG ver.

Sa - " ကားခဏရပ်ပေးမလား "

Sanaတောင်းဆိုမှုကြောင့် Tzuyuကားကို လမ်းဘေးမှာချရပ်ပေးလိုက်သည် ။

Sa - " ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် ငါနင့်ကို ကွာရှင်းမှာ မဟုတ်ဘူးနော် "

Tzu - " ငါ သိပါတယ် "

Sa - " ငါ တစ်ခုလောက် မေးလို့ရမလား "

Tzu - " မေးလေ "

Sa - " နင်ဘာလို့ ငါ့ကို လက်ထပ်ခဲ့တာလဲ "

Tzu - " ငါ                    တစ်စုံတစ်ယောက်ကို
ပထမဆုံးအကြိမ် ပိုင်ဆိုင်ခဲ့ချင်မိလို့ "

Tzuyuစကားကိုကြားတော့ Sanaက ခပ်ပါးပါးလေးပြုံးတယ် ။ Sanaဘာလို့ ပြုံးလိုက်သလဲ Tzuyuမသိဘူး ။  Tzuyuကို ကြည့်နေရာက Sana သူမရဲ့အကြည့်တွေကို အရှေ့ကို ပြန်လွှဲလိုက်ပြီး

Sa - " ဒါဆို ငါ့ကို အဆုံးရှုံးမခံလိုက်နဲ့ "

Tzu - " ဟွန်!? "

Sa - " ဘယ်တော့မှ လက်မလွှတ်လိုက်နဲ့လို့ ပြောတာ "

Tzu - " ငါအဲ့လိုလုပ်ရင် နင်ပျော်နိုင်မှာမို့လား "

Sa - " မပြောတတ်ဘူးလေ ငါပျော်ရင်ပျော်လာမှာဘဲ "

ဟုတ်တယ် Tzuyu ။ ငါပျော်ရင်ပျော်လာမှာ ။ အခုတောင် နင့်အနားမှာ ငါနေရတာ သဘောကျနေတာဘဲဟာ ။

နင်အခုလိုမျိုးတွေဘဲ ဆက်လုပ်နေပါSana ။
နင်မချစ်စေချင်တဲ့အတိုင်း ငါလည်းမချစ်မှာမို့ ။

-
-
-

ကော်ဖီဆိုင်ထဲကို ဝင်လာတဲ့ မိန်းကလေးဟာ ချောပါတယ်လို့လည်း ပြောလို့မရဘူး ၊ လှတယ်လို့လည်း ပြောမရပြန်ဘူး ၊ တည်ကြည်တယ်ဆိုတာလား ဆိုပြန်တော့ နဲနဲဟုတ်တယ် ၊ အမှန်တော့ သူမက ချစ်ဖို့ကောင်းတယ် ဆိုချင်တာ ။ ရုပ်ရည်သန့်သလောက် မျက်နှာထားကလည်း တင်းလွန်းတယ် ။ ဒါတောင် သူမက ချစ်ဖို့ကောင်းတုန်း ။ မှာစရာရှိတာ မှာပြီး သူမ စားပွဲဝိုင်းတစ်ခုဆီ လျှောက်သွားပြီး ထိုင်လိုက်သည် ။ ခုံတစ်ခုပေါ်တင်လိုက်တဲ့ shopping bag ထဲကနေ ခပ်ရေးရေးမြင်တွေ့လိုက်ရတာက အင်္ကျီတစ်ထည်ဖြစ်ဖို့များသည် ။

ဆိုင်က ဝန်ထမ်းကောင်မလေးတစ်ယောက်က သူမမှာထားတဲ့ ကော်ဖီနဲ့ကိတ်အချို့ကို လာချပေးပြီး ထွက်သွားတော့ သူမ ထိုင်နေတဲ့ စားပွဲဝိုင်းကို မိန်းကလေး တစ်ယောက် ရောက်လာခဲ့သည် ။

I Saw You    || SaTzuWhere stories live. Discover now