I Saw You ( 17 ) 🍀

331 52 11
                                    

Zg ver.


" ရေ .. "

ဧည့်ခန်းက ဆိုဖာမှာ ထိုင်နေတဲ့ Chaeyoung ကို
ရေတစ်ခွက် Nayeon ကမ်းပေးလိုက်ရင်း ပြောလိုက်သည် ။ အူလည်လည်လေးနဲ့ဘဲ Nayeonပေးတဲ့ ရေဖန်ခွက်ကို Chaeyoungယူလိုက်တော့

" အိမ်မှာ ရေဘဲရှိတယ် .. ဘားမှ မဝယ်ထားမိလို့ chaengကို unnie မနက်စာ တစ်ခုခု လုပ်ပေးလို့မရဘူး "

" အာ!??, ရပါတယ် "

ရေခွက်ကို လက်နှစ်ဖက်နဲ့ သေချာ ဆုပ်ကိုင်ပြီး Chaeyoungသောက်လိုက်တော့

" အဟန့် , ဟို တောင်းပန်ပါတယ် "

" ဟွန်!? "

ပါးစပ်ထဲ ရောက်နေတဲ့ ရေကို Nayeonရဲ့ တောင်းပန်စကားကြောင့် Chaeyoungမှာ မနည်းမျိုချလိုက်ရသည် ။

" မနေ့ညက ဘာတွေဖြစ်ခဲ့လည်း မမှတ်မိတော့ပေမဲ့.. "

ပြောရင်း Chaeyoungထိုင်နေတဲ့ အရှေ့မှာ Nayeonထိုင်လိုက်ပြီး ဖန်ခွက်ကိုင်ထားတဲ့ Chaeyoungရဲ့ လက်လေးကို အသာထပ်ကာ ဆုပ်ကိုင်လိုက်၏ ။ ပြီးနောက် သူမကိုကြည့်နေတဲ့ Chaeyoungရဲ့ မျက်လုံးတွေနဲ့ သေချာစုံအောင် ကြည့်လိုက်ပြီး

" Unnieကို လက်ထပ်မလား? .. Unnie , chaengနဲ့ လက်ထပ်ချင်တယ် "

" !! "

" Chaengကို နာကျင်အောင်လုပ်ခဲ့မိရင်လဲ unnieတောင်းပန်ပါတယ် .. အဲ့တုန်းက unnie ချစ်သူရည်းစားထားဖို့ အဆင်သင့်မဖြစ်သေးလို့ပါ "

" အခုကရော , အခုကရော ? ? ဘာလို့လဲ? "

" Unnie နားလည်သွားလို့ပါ .. ဒါကြောင့် ပြီးခဲ့တဲ့ ကိစ္စတွေကို မေ့လိုက်ကြရအောင်  "

" အဆင်ပြေပါ့မလား ? Chaeကို unnie ချစ်လို့ အဆင်ပြေပါ့မလား? "

" ဒါတော့ မသိဘူး .. unnie, chaengကို ချစ်ကြည့်မယ်လေ .. အဲ့ဒိအခါ အဆင်ပြေလား? မပြေလား? Unnie ဆုံးဖြတ်ပါ့မယ် "

ခပ်ပြုံးပြုံးလေး ကြည့်တော့ ခပ်ဝိုင်းဝိုင်းဖြစ်နေတဲ့ ချစ်ရသူရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ဖြစ်တည်လို့လာသည် ။ တစ်ကယ်ဘဲ ပြီးခဲ့တဲ့ ကိစ္စတွေကို သူမ မေ့လိုက်လို့ ဖြစ်ပါ့မလား ။ မေ့ပစ်ဖို့ သူမ လက်ခံလိုက်မိရင် ပြီးခဲ့တဲ့ ဇာတ်လမ်းအကျဉ်းကို သူမတို့ နှစ်ဦးကလွဲပြီး တစ်ခြားသူတွေ သိနိုင်တော့မှာ မဟုတ်ဘူး ။ ဒါဆို သူမတို့နှစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းအချို့ဟာ အတိတ်မှာ ပျောက်ကွယ်သွားရလိမ့်မယ် ။ မေ့ပစ်လိုက်လို့ တစ်ကယ် ဖြစ်လား ။ ရရဲ့လား ။ သူမလည်း အဲ့အချိန်တွေကို ပြန်မရချင်ဘူး ။ မရေရာတဲ့ အတွေးစတွေက ထပ်ပြီး ခြောက်လှန့်လာမှာမျိုး သူမ ထပ်အဖြစ်မခံနိုင်တော့ဘူး ။ သူမ အဲ့ဒိအမျိုးသမီးကို တစ်ကယ် ချစ်တာ ။ သူမ လက်တွေကို တယုတယ ဆုပ်ကိုင်ထားတဲ့ အမျိုးသမီးကို သူမ တစ်ကယ် ချစ်တာ ။

I Saw You    || SaTzuWhere stories live. Discover now