I Saw You ( 3 ) 🍀

1.1K 116 4
                                    

ZG ver. . .

" နွေဦးနတ်သမီးပြောသလို သူက တစ်ကယ်ဘဲ Tzuရဲ့ ဖူးစာရှင်လား . . ? "

" Tzuက unnieပြောတာမယုံလို့လား . . ? "

တစ်ချို့သော မေးခွန်းတွေဟာ အဖြေမှန်ကိုဘဲ ညွှန်းဖွဲ့ထားတာမို့ အထူးတစ်လည်တော့လဲ ဖြေစရာမလို ။ Tzu ခေါ်လိုက်တဲ့ နွေဦးနတ်သမီးဆိုတဲ့ မိန်းကလေးဟာ ဘယ်လိုပုံစံရှိသည်လဲတော့ မသိ ။ Lavenderတွေနဲ့ ကွယ်ဝှက်နေတဲ့ ထိုမိန်းကလေးဟာ ခုံတန်းလျားတစ်ခုမှာထိုင်ရင်း Tzuကို မေးခွန်းပြန်ထုတ်၏ ။

" နွေဦးနတ်သမီးပြောတာကို မယုံလို့မဟုတ်ပါဘူး . . မိန်းကလေးတစ်ယောက်ဖြစ်နေလို့ မယုံကြည်ရဲတာ . . "

" ဖူးစာဆိုတာ ကိုယ်ကမိန်းကလေးတစ်ယောက်မို့ ယောက်ျားလေးဘဲဖြစ်ရမယ်ဆိုတာမျိုး မဟုတ်ဘူးTzu. . နှလုံးသားနှစ်ခု ထပ်တူကျသွားတဲ့အခါ ဒါဖူးစာဘဲ . . ချစ်ခြင်းတစ်ခုအဖြစ်လည်း အဓိပ္ပာယ် သတ်မှတ်လို့ရတယ် . . "

မြေပြင်နဲ့ ခပ်ကွာကွာက မြက်ပန်းလေးတစ်ပွင့်ကို Tzu ခူးလိုက်ပြီး နွေဦးနတ်သမီးဆိုတဲ့ မိန်းကလေးအရှေ့သို့ လျှောက်လာခဲ့သည် ။ Tzu ပခုံးကနေ ကျော်လွန်ပြီး မြင်တွေ့ရတဲ့ ထိုမိန်းကလေးရဲ့ မျက်ဝန်းတွေက သိပ်လှကြောင်း ပြောချင်ပေမယ့် ဖြတ်တိုက်သွားတဲ့ လေညင်းတွေကြောင့် ဆံနွယ်တွေဟာ ထိုမျက်ဝန်းတွေအပေါ် တစ်ခဏအတွင်း ဖုံးလွှမ်းသွား၏ ။

" နှလုံးသားနှစ်ခုတော့ ထပ်တူကျနေပြီး တစ်ယောက်နဲ့တစ်ယောက် မချစ်ရင်ရော . . "

" မချစ်ရင်တောင် သံယောဇဉ်ကြိုးနှစ်ကြိုးကိုတော့ ခိုင်မြဲနေအောင်သူတို့ ချည်နှောင်ထားကြမှာ . . Tzu ပြောသလို တစ်ယောက်နဲ့တစ်ယောက် မချစ်ရင်တောင်မှလေ . . "

" Tzu တစ်ခုတော့ ဝန်ခံတယ် . . သူက အရမ်းလှတယ် . . နွေဦးနတ်သမီးပြောသလို "

" ဟွား ! Lavenderတွေ အများကြီးဘဲ . . "

ခပ်ဆာဆာအသံလေးကြောင့် Tzu သူမ အနောက်ကို လှည့်ကြည့်မိတော့ ခေါင်းမှာ ပတ်တီးဖွေးဖွေးနဲ့ မိန်းကလေးဟာ သူမရပ်နေသည့် နေရာဆီသို့ ပြေးလာနေသည် ။ Tzu အနားက နွေဦးနတ်သမီးဆိုသူကတော့ ဘယ်ရောက်သွားသည်မသိ လေညင်းတွေလို သူမကိုမမြင်နိုင်တော့ ။

I Saw You    || SaTzuWhere stories live. Discover now