I Saw You ( ဇာတ်ကြောင်းပြန်ခြင်း : 1 ) 🍀

473 63 7
                                    

Zg ver.


ဟုတ် ဒီအပိုင်းမစခင် Thor စကားနည်းနည်းလောက် ပြောချင်ပါတယ် ။ အခု အပိုင်းက လက်ရှိ ( "__ " ) အကြောင်းမှာ ဝှက်ခဲ့တဲ့ ဇာတ်ကြောင်းတွေကို ပြန်ဖော်ပြီး ရေးမဲ့အပိုင်းပါ ။ ဒါကြောင့် ဖတ်ရတာ ရှုပ်ရင် ရှုပ်သွားနိုင်သလို ရှင်းရင်လည်း ရှင်းနေမှာပါဘဲ ။ ဘာလို့ ဒီလိုပြောတာလည်းဆိုရင် တင်တဲ့ တစ်ပိုင်းစာကိုဘဲ ဖတ်ပြီး ပြီးသွားသလိုမျိုး ဖြစ်နေတာကြောင့်ပါ ။ ဒီစကားက Readerတိုင်းကို ဆိုလိုတာတော့မဟုတ်ပါဘူး ။ Thorအမြင်ကိုဘဲ ပြောတဲ့သဘောပါ ။ Thorအမြင်မှားတာလည်းဖြစ်နိုင်ပါတယ်လေ ။ updateမမှန်တဲ့ Authorတစ်ယောက်က အခုလိုတွေပြောနေလို့ ရယ်ချင်လည်းရယ်ပါ ။ ရပါတယ် ။ 

Thorကတော့ ကိုယ့်ကိုကိုယ် စိတ်ဆိုးနေတယ် ။ ဘာလို့လဲဆိုတော့ Thorပြန်ပြီးဖတ်ကြည့်တဲ့အခါ ဇာတ်ဝင်ခန်းတစ်ခန်းဟာ လွဲမှားနေတာ တွေ့လိုက်ရလို့ ။ အဲ့အခန်းကို အခု Thorပြင်ပြီးသွားပါပြီ ။ နောက်အခုလို ထပ်မမှားဖို့လည်း ဂရုစိုက်ရေးပါ့မယ် ။ ဒါကို Readerတွေ မထောက်ပြနိုင်ခဲ့လို့လည်း စိတ်မကောင်းဖြစ်မိတယ် ။ Thorမှားနေရင် ၊ လွဲနေရင် ထောက်ပြပါ ။ရပါတယ်။  Thorစိတ်မဆိုးပါဘူး ။ Readerတို့ထောက်ပြမှ မြင်နိုင်မဲ့ အမှားမျိုးတွေလည်း ရှိနေနိုင်တာလည်းရှိမှာဘဲလေ ။ Thorပြောတာ ဟုတ်တယ် မလား။

အစကနေအခုပြီးတဲ့အထိ သေချာပြန်ပြီး တစ်ကွက်ချင်း ဝှက်ခဲ့တာတွေကို noteထုတ်ပြီး ရေးရတာဖြစ်လို့ မနေ့က မတင်ပေးနိုင်ခဲ့တာကို နားလည်ပေးစေချင်ပါတယ် ။ အစက အပိုင်း( 14 ) ကို ရေးမယ်ဆိုပြီး ဝင်လာတာက အမှန်ပါဘဲ ။ဘယ်လို စရမှန်းမသိလို့ ပြန်ထွက်ပြီး ပြန်ဖတ်ရင်းက ဒီအပိုင်းကို ရေးဖို့ဖြစ်လာတယ် ။ ဇာတ်ကြောင်းပြန်ဖို့ သင့်တော်တဲ့ နေရာကောင်း ၊ အပိုင်းကောင်းတစ်ခုလို့ Thorထင်တာကြောင့်ပါ ။ ဟုတ် ပြောချင်တာ ဒီလောက်ပါဘဲ ။ အောက်မှာ စဖတ်လို့ရပါပြီ ။

.🍀

လွန်ခဲ့တဲ့ တစ်နှစ်နဲ့နှစ်လခန့်က
ညရှစ်နာရီခွဲဝန်းကျင်လောက်မှာ
Chaeyoungရဲ့ ကော်ဖီဆိုင်၌ Nayeonနဲ့chaeyoung အချေအတင်စကားများရန်ဖြစ်ခဲ့ကြသည် ။ 
စိတ်ဆိုးဆိုးနဲ့ ကားကို ရောက်တတ်ရာရာမောင်းရင်း နယ်မြို့တစ်မြို့ဘက်ကို
Nayeon ရောက်လာခဲ့သည် ။
ငိုနေတာမို့ မြင်ကွင်း‌တွေဟာ
ရှင်းမနေဘဲ ဝေဝါးလို့နေသည် ။
အဝေးပြေးလမ်းမလို ဘာတိုက်တာ အဆောက်အဦမှ မရှိ
ကားသွားကားလာရှင်းလွန်းသည့်
သုံးခွလမ်းစုံတစ်ခုနားအရောက်မှာဘဲ
ကားဟာ ရုတ်တရက် ဘီးပေါက်ပြီး
အရှိန်လွန်ကာ လေးငါး ခြောက်ပတ်လောက်
ထိုလမ်းစုံ၌ ပတ်ရမ်းသွားသည် ။
ကျွီးးးးးးးးးးး!!!!!!!!!
ကားဘရိတ်ကိုဇုံနင်းထားပါသော်လည်း
အစထဲက အရှိန်နှင့် မောင်းလာခဲ့တာကြောင့်
ကားဟာ တော်ယုံနှင့် မရပ်နိုင် ။
ဒီလိုမောင်းရင် ဒီလိုအဖြစ်မျိုးတွေ
အခြေအနေမျိုးတွေ ကြုံတွေ့ရနိုင်တာကို
သိရဲ့နဲ့ သေခြင်းကိုမှ မကြောက်ဘဲ
သေချင်းတရားဆီ အရောက်
ကိုယ့်ကိုကိုယ် ပို့ဆောင်နေတဲ့ သူမကို
သေမင်းဟာ အလိုမရှိခဲ့တာဘဲလား? ။
ဒါမှမဟုတ်
ဘုရားသခင်ကဘဲ သူတော်လူကောင်း
တစ်ယောက်ကို သေမင်းလက်ထဲ
မပေးနိုင်ခဲ့တာကြောင့်ဘဲလား?မသိ ။
ဘရိတ်ပေါ်နင်းထားတဲ့ ‌ခြေထောက်ကို
Nayeonအားချော့ပစ်ဖို့ တွေးလိုက်ချိန်မှာဘဲ
ကားဟာ လမ်းမ အလယ်မှာ
ရပ်တန့်သွားသည် ။
ကားရပ်ရပ်ခြင်း ကားခါးပတ်ကို
အမြန်ဖြုတ်ကာ ကားထဲကထွက်လာသည့်
Nayeon ။ ကားလမ်းမပေါ် ခွေကျ ရိုင်လဲ
သွားတဲ့ ခြေအစုံဟာ
သူမ ကိုယ်ခန္ဓာသေးသေးလေးကိုပင်
မသယ်နိုင်တော့ ။
အသက်ကိုခပ်ပြင်းပြင်း ရှူရင်း
Nayeon သံကုန်အော်ကာ ငိုပစ်လိုက်သည် ။
ရင်ဘက်ထဲက နာကျင်နေတဲ့
နှလုံးအိမ်က တစ်မျိုး ။
တစ်ကယ် သေရတော့မှာလား ဆိုပြီး
ခြောက်လန့်လာတဲ့ ကြောက်စိတ်ကတစ်ဖုံ။
အခုတော့ သူမ မသေရဲမှန်း သိသွားပြီ ။
ညဟာ အချိန် ဆယ်နာရီကျော်
ဆယ့်တစ်နာရီ ဝန်းကျင်းနီးပါးလောက်ရှိနေပြီဖြစ်၏ ။ 
မျက်ရည်စတွေ စိုနေတဲ့
မျက်တောင်ကို သူမခက်လိုက်မိချိန်မှာဘဲ
လိပ်ပြာတစ်ကောင်ဟာ
လှပတဲ့အတောင်တွေကို ဖြန့်ပြီး
သူမအရှေ့မှာ တစ်ဝဲလည်လည်
ပျံသန်းနေတာကို
သူမ မြင်တွေ့လိုက်ရသည် ။

I Saw You    || SaTzuWhere stories live. Discover now