I Saw You ( 5 ) 🍀

889 89 34
                                    

ZG ver.

လသာဆောင်မှာ ကော်ဖီခွက်လေးကိုင်ပြီး Sana ခြံဝန်းထဲကို လိုက်ကြည့်နေမိသည် ။
လှပနေတဲ့ Lavenderပန်းခင်းကြီးကို ကြည့်ရင်း ပြုံးမိတော့ သူမဘေးမှာ ရပ်ပြီး သူမကိုကြည့်နေသည့် Tzuyuကပါ လိုက်ပြုံးတယ် ။

" မိုးမရွာရင် တစ်နေကုန် ထိုင်ပြီး စာဖတ်မလို့ပါဆို .. အခုတော့ ဟွန်းးးးး "

သက်ပြင်းချသံတွေက နားထောင်လို့ ကောင်းတယ်လို့ ထင်မိတဲ့ အချိန်တွေ ကိုယ်မြတ်နိုးတဲ့ သူဆီမှာ ရှိတယ် ။

" ရှင်က အရမ်းအတွေးများတာဘဲ "

" နေသာနေတယ်ဆိုတော့ မိုးမရွာလောက်သေးပါဘူး .. ငါ စာဖတ်လို့ ရလောက်မယ်ထင်တယ် "

" မပြောတတ်ဘူး .. မိုးက ရွာတာတော့ ရွာမှာ "

" ထီးပါ တစ်ခါထဲ ယူသွားရမလား .. ဒါဆို မိုးရွာလာရင် ငါ့ကိုမစိုတော့ဘူး .. ဟုတ်တယ် ထီးယူသွားရမယ် .."

ပြောပြီး အခန်းထဲပြန်ဝင်လာတဲ့ Sanaအနောက်ကို Tzuyuလိုက်လာခဲ့ပြီး ကုတင်ပေါ်မှာ ထိုင်ကာ Sanaရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေခဲ့သည် ။ အခန်းထဲမှာ ရှိတဲ့ စာအုပ်စင်အသေးစားလေးကနေ သူမ ဖတ်ဖို့ စာအုပ်ရွေးနေတဲ့ လက်ချောင်းလေးတွေက သွယ်သွယ်ရှည်ရှည်လေးတွေနဲ့ ကြည့်လှလွန်းသည် ။ အဖြူရောင်နဲ့ဆို အမြဲကြည့်ကောင်းတဲ့သူမက အဖြူရောင်ကိုရော မြတ်နိုးတတ်ပါ့မလား။

-
-
-

" နွေဦးနတ်သမီးပြောတော့ မိုးရွာမှာဆို ဘာလို့မရွာသေးတာလဲ "

" သိပ်မကြာခင်ပေါ့ "

" အခုဘဲ ဆယ်နာရီထိုးနေပြီ .. မိုးက နေ့လည်မှ ရွာမှာလား "

Lavenderပန်းခင်းရှေ့က Sanaကိုကြည့်ရင်း Jeongyeonရဲ့ အိမ်ရှေ့မှာ ရပ်ပြီး စကားပြောနေတဲ့ Tzuyuနဲ့ နွေဦးနတ်သမီး ။

I Saw You    || SaTzuWhere stories live. Discover now