Zg ver.
Tzu - " လက်ဆောင် ဝယ်ပေးမယ် .. ဘယ်ပန်းလိုချင်လဲ ? "
Sa - " Lily Lily "
Sanaပြောလိုက်သည့် ပန်းနာမည်ကြောင့် Tzuyu ကြောင်သွားသည် ။ Sana Lilyပန်းကို လိုချင်လိမ့်မယ်မှန်း သူမ ကိုယ်တိုင်လည်း မထင်ထားမိခဲ့တာ အမှန်ပင် ။
Tzu - " Lily ? "
Sa - " အွန်းး , Lily "
အရှေ့ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ Lavenderတွေကိုကြည့်လိုက် Lilyပန်းတွေကိုကြည့်လိုက်နဲ့ Tzuyu ဗျာများနေမိသည် ။ နားထင်ကို လက်ညိုးနဲ့အသာ ကုတ်လိုက်ရင်း Sanaကို ကြည့်တော့ Sanaက သူမကိုကြည့်နေသည်မို့
Tzu - " အော်!., အွန် .. ယူလေ "
TzuyuကိုSanaတစ်ချက်ပြုံးပြလိုက်ပြီး Lilyပန်းတွေအရှေ့သို့ လျှောက်သွားလိုက်သည် ။ ပန်းတွေရွေးနေတုန်း အနားကို ရောက်လာသည့် ဆိုင်ရှင်အမျိုးသမီးကို Sanaကြည့်ကာ
Sa - " အစ်မ ညီမကို Lilyပန်းလေးတွေထုပ်ပိုးပေးလို့ရမလား? "
ပန်းအချို့ဝယ်နေတဲ့ ချစ်ရသူမိန်းကလေးရဲ့ တောင်းဆိုမှုကြောင့် ပန်းဆိုင်ပိုင်ရှင်ဟာ Lilyပန်းအချို့ကို ယူပြီး သူမတို့အနားကနေ ထွက်သွားခဲ့သည် ။ ပန်းစည်းကိုစောင့်ရင်း Lavenderတွေကို ကြည့်နေသည့် Sanaကို မလှမ်းမကမ်းနေရာတစ်ခုကနေ Tzuyuကြည့်နေခဲ့မိသည် ။ ခဏကြာတော့ ဆိုင်ရှင်က Lilyပန်းစည်းတစ်ခုနဲ့အတူ သူမတို့အနားပြန်ရောက်လာသည်မို့ ပိုက်ဆံအိပ်ထဲက ငွေစက္ကူအချို့ကို Tzuyuထုတ်လိုက်ပြီး
Tzu - " ဘယ်လောက်ပါလဲ? "
Woman - " xxxxx "
ကျသင့်ငွေကို ရှင်းပြီး နှစ်ယောက်အတူ ပန်းဆိုင်ထဲကနေ ပြန်ထွက်လာခဲ့ပြီးနောက် ဆိုင်ရှေ့မှာ ရပ်ရင်း
Tzu - " တစ်နေရာ ခဏသွားရအောင် "
Sa - " သွားလေ "
-
-
-မှောင်လာပြီမို့ သဘာဝအလင်းရောင်ဟာ ရှိမနေတော့ဘူး ။ မာကျူရီမီးတွေရောင်စုံ ထွန်းလင်းနေတဲ့ လမ်းခုလတ်တစ်နေရာမှာ လမ်းလျှောက်နေရင်းက ခုံတန်းလျားတစ်ခုကို တွေ့လိုက်ရ၍
YOU ARE READING
I Saw You || SaTzu
Fanfictionပုံပြင်တွေ ပုံပြင်တွေ နားထောင်ဖူးလား နားေထာင္ဖူးလား unnie? unnie?