I Saw You ( ဇာတ်ကြောင်းပြန်ခြင်း : 3 ) 🍀

384 50 10
                                    


Zg ver.


LAမှာ ကျောင်းတက်ရင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ
Chaeyoung အချိန်ပိုင်းဝင်လုပ်ရင်း
ကော်ဖီ‌ဖျော်နည်းတွေ ၊ မုန့်ဖုတ်နည်းတွေကို
လေ့လာခဲ့သည် ။
တစ်နေ့ Chaeyoungအချိန်ပိုင်း
လုပ်တဲ့ ဆိုင်ကို Sanaရောက်လာခဲ့ပြီး
ပိုက်ဆံအိတ်ကျန်ခဲ့သည် ။
စားပွဲပေါ်က ပိုင်ရှင်ဘယ်သူမှန်းမသိတဲ့
ပိုက်ဆံအိတ်လေးကို ကော်ဖီခွက်လာသိမ်းရင်း
Chaeyoungတွေ့လိုက်ရသည် ။

" ဘယ်သူ့ဟာပါလိမ့် ??. ဟေး , ဒီမှာထိုင်သွားတဲ့ သူကို တွေ့လိုက်လား? "

အနားက ဖြတ်သွားတဲ့ သူမလို
အချိန်ပိုင်းအလုပ်သမားတစ်ယောက်ကို Chaeyoungမေးလိုက်တော့

" သူပြန်သွားတာ လွန်ခဲ့တဲ့ နာရီဝက်လောက်ကဘဲ .. ဘာလို့လဲ? "

ထိုမိန်းကလေးက သူမကို မေးခွန်း ပြန်ထုတ်လာသည် ။

" မဟုတ်ပါဘူး .. သူ ပိုက်ဆံအိတ်ကျန်ခဲ့လို့ "

Sanaပိုက်ဆံအိတ်လေးကို Chaeyoung
ထောင်ပြလိုက်ပြီး စားပွဲးပေါ်က
ကော်ဖီခွက်လေးကို သိမ်းကာ
ထိုနေရာကနေ Chaeyoungထွက်သွားခဲ့သည် ။
ညနေဆိုင်ပိတ်တဲ့အထိ ပိုက်ဆံပြန်လာရှာသူ
တစ်ယောက်မှ မရှိ၍ Chaeyoung
သူမငှားနေသည့် ကွန်ဒိုတိုက်ခန်းသို့
ပြန်ခဲ့လိုက်သည် ။
ရေချိုး ညစာစားပြီး သူမစာကြည့်ဖို့
စာကြည့်စားပွဲမှာ ထိုင်လိုက်သည် ။
လွယ်အိတ်ထဲက အိမ်စာလုပ်ရမဲ့
စာအုပ်တွေထုတ်တော့ Sanaပိုက်ဆံအိတ်ဟာ
ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည် ။

* ဘုတ်!

စားပွဲအောက်ကို Chaeyoung
ငုံ့ကြည့်လိုက်ပြီး ပိုက်ဆံအိတ်ကို
ကောက်လိုက်သည် ။ ထို့နောက်
ပိုက်ဆံအိတ်ကို သူမ သေချာကြည့်လိုက်ပြီး
ဖွင့်ကြည့်မိတော့ ကျောင်းသားကဒ်လို့
ထင်ရတဲ့ ကဒ်လေးတစ်ခုကို
Chaeyoungတွေ့လိုက်ရသည် ။
ကဒ်ကိုထုတ်ပြီး ကြည့်မိတော့
ထိုကဒ်မှာ တွေ့လိုက်ကသည့် နာမည်ကြောင့်
ဘေးက ပုံကိုကြည့်မိတော့
ခပ်လှလှမိန်းကလေးတစ်ယောက်ကို
သူမ တွေ့လိုက်ရသည် ။

" Sana ?!"

Chaeyoungသူမ မျက်လုံးတွေကိုပင်
သူမ မယုံနိုင် ။ Sana , LAကို သွားမယ်ဆိုတာ
သူမကို တစ်ကယ်ပြောခဲ့တာဘဲလား ။
လိမ်ခဲ့တာမဟုတ်ဘူးပေါ့ ။ ‌
ဆက်သွယ်လို့ရအောင် တောင်းခဲ့တဲ့
ဖုန်းနံပါတ်တုန်းက ဘူတာရုံတစ်ခုက
ဖုန်းနံပါတ်ဖြစ်ခဲ့ပေမဲ့ LAကိုတော့
Sana တစ်ကယ်ရောက်နေခဲ့တာပေါ့ ။
Uniကို ကြည့်လိုက်တော့ သူမနဲ့ Uni
တစ်ခုထဲ ။ Major ကိုကြည့်တော့ major
ပါတူနေသည်မို့ Chaeyoung ပိုပြီး
အံ့ဩမိသွားသည် ။ သူမ ဒီရောက်နေတာ
သုံးနှစ်ရှိပြီ အခန်းထဲမှာ Sanaကို မတွေ့ဖူးခဲ့ ။
ဒါဆို tripတွေမှာရော ။
majorသီးသန့်သွားတဲ့
tripတွေမှာတော့ တွေ့သင့်တယ်မလား ။
ကျောင်း tripတွေကိုဘဲ
Sanaမလိုက်ခဲ့တာကြောင့်လား ။
ဒီညတော့ Sanaကြောင့်
Chaeyoung အိပ်ပျော်တော့မယ် မထင်ဘူး ။

I Saw You    || SaTzuWhere stories live. Discover now