I Saw You ( 4 ) 🍀

1K 101 19
                                    

ZG ver . . .

တံခါးခေါက်သံနဲ့အတူ ကြားလိုက်ရသည့် Sanaအသံကြောင့် Jeong yeon သူမရဲ့ ညီမလေးလက်ကို အောင်သို့ချလိုက်ကာ ရေစိုအဝတ်ကို ရေဇလုံနှုတ်ခမ်းပေါ် တင်လိုက်ပြီး အိပ်ခန်း တံခါးနားသို့ ရောက်လာခဲ့သည် ။ သူမ ကျောဘက်တစ်နေရာမှာ ကျန်ရစ်ခဲ့တဲ့ ကုတင်ပေါ်က မိန်းကလေးရဲ့ လက်ချောင်းလေးတွေဟာ မသိမသာ လှုပ်လာခဲ့၏ ။

" ကျွန်မက Sana shi အိပ်သွားပြီ ထင်နေတာ . ."

" ဟို ကျွန်မ ရေချိုးချင်လို့ . . အဲ့ဒါ ဝတ်စုံတစ်စုံလောက် ကျွန်မကို ငှားပေးလို့ရမလား.? "

" ရပါတယ် . . ဝင်လာခဲ့ပါ . . "

Jeong yeonအနောက်ကနေ သူမ ထိုအခန်းထဲကို စတင်ပြီး ဝင်လာတော့ အမျိုးအမည်မဖော်ပြတတ်သည့် ခံစားချက်တစ်ခုကိုရသည် ။ Lavenderပန်းရနံ့သင်းသင်းလေးတွေကိုပါ သူမ ရနေ၏ ။ Jeong yeon သူမ ညီမလေးရဲ့ အဝတ် ဗီရို ထဲက Sanaအတွက် အဆင်ပြေလောက်မည့် ဝတ်စုံတစ်စုံကို ရွေးနေတုန်း oxygenအငွေ့ရေးရေးလေးတွေ လွင့်ပျံနေသည့် အိပ်ခန်းထောင့်နားက ကုတင်ပေါ်က မိန်းကလေးအား Sana လှမ်းကြည့်လိုက်တော့ ပထမဆုံး သူမ မြင်တွေ့လိုက်ရသည်က ကုတင်ဘေး စားပွဲတစ်ခုပေါ်မှာ ထိုးထားသည့် ပန်းအိုးထဲက Lavenderပန်းခက်လေးကိုပင် ။ မျက်ဝန်းတွေဟာ တဖြည်းဖြည်း ရွေ့လျားလာတော့ ဆေးသွင်းထားသည့် မိန်းကလေး၏ မျက်နှာကို ခပ်ရေးရေး မြင်တွေ့လာရသည် ။

" ဒီဝတ်စုံနဲ့ဆို Sana shiနဲ့ အဆင်ပြေမယ် ထင်ပါတယ် . ."

" Ah, ဟုတ်ကဲ့ . . ကျေးဇူးတင်ပါတယ် . . "

မျက်ဝန်းတွေဟာ ဖျက်ခနဲတစ်ဖက်ကို လှည့်သွားသည့် အတွက်တော့ ကုတင်ပေါ်က မိန်းကလေးအား သူမ သေချာမမြင်လိုက်ရဘူး ။ မိုနီတာအခြေအနေပြစက်က နှလုံးခုန်နှုန်း ရာခိုင်နှုန်းတွေဟာ သူမ ထိုအခန်းထဲကို စဝင်လာသည်ထဲက မသိမသာ တိုးတတ်လာခဲ့သည် ။ မိန်းကလေးတစ်ယောက်ဟာ ထိုအခန်းထဲကနေ ကျောခိုင်းပြီး ထွက်သွားတယ် ။ နောက်ထပ် မိန်းကလေးတစ်ယောက်ကတော့ မျက်နှာမူပြီး ကုတင်ပေါ်က မိန်းကလေးရှိရာဆီကို ပြန်လာ၏ ။

-
-
-

အတွေးများရင်း အိပ်မပျော်ဖြစ်နေသည့် Sanaတစ်ယောက် ။

I Saw You    || SaTzuDonde viven las historias. Descúbrelo ahora