I Saw You ( ဇာတ်ကြောင်းပြန်ခြင်း : 4 ) 🍀

309 50 9
                                    

Zg ver.




လက်မကိုအားအနည်းငယ်ထည့်ပြီး
ဖိလိုက်မိလို့ အပေါက်ငယ်လေးကနေ
ထွက်လာတဲ့ ရေအမှုန်အမွှားလေးတွေဟာ
Sanaမျက်နှာပေါ်သို့ လွင့်စင်လာခဲ့သည် ။
မျက်နှာကို ဘေးဘယ်ညာလှည့်ရင်
လည်တိုင်ကိုပါ သူမ အမွှေးရည်ဖြန်းလိုက်ပြီး
မှန်ထဲမှာ မြင်နေရတဲ့ သူမ ပုံရိပ်ကိုကြည့်လိုက်သည်။

" နှုတ်ခမ်းနီအရောင်နဲ့လည်း လိုက်တယ် .. အွန်းး ငါ ကြည့်ကောင်းသားဘဲ "

ပိုက်ဆံအိတ်ကို ပခုံးအထက် လွယ်လိုက်ပြီး
ဧည့်ခန်းရှိရာဆီသို့ သူမ ဆင်းလာခဲ့သည် ။
ဧည့်ခန်းထဲရောက်တော့ သူမ ဖေဖေနဲ့မေမေဟာ
သူ့ကို စောင့်နေတာတွေ့လိုက်ရသည် ။

" သွားကြမယ် "

အဖေဖြစ်သူရဲ့စကားအဆုံး သူမတို့
မိသားစုသုံးယောက် အိမ်ထဲကနေ
ထွက်လာခဲ့ကြသည် ။

-
-
-

" အခုလား? "

" အွန်းး.. အခု "

မနက်စောစောအခန်းတံခါးလာ‌ခေါက်ပြီး
အပြင်သွားရမည်ဖြစ်ကြောင်း
ပြောလာသည့် အမေဖြစ်သူကြောင့်တော့
Tzuyu အခန်းတံခါးကို ပြန်ပိုက်လိုက်ပြီး
အပြင်သွားဖို့ ရေအမြန်ချိုးလိုက်သည် ။
သူမ ဝတ်နေကြအတိုင်း သက်တောင့်သက်သာ
ဖြစ်စေမဲ့ အဝတ်အစားကိုသာ သူမ ဝတ်လိုက်ပြီး
မျက်နှာလိမ်းခရင်တစ်မျိုးကိုသာ
မြန်မြန်ပွတ်လိုက်ပြီး အခန်းထဲကနေ
ထွက်လာခဲ့လိုက်သည် ။

ခြံရှေ့မှာ ရပ်ထားတဲ့ ကားထဲမှာ
သူမကို အသင့်စောင့်နေသူကတော့
သူမရဲ့ မိဘတွေ ။ ကားဒရိုက်ဘာကို မတွေ့မိ၍
ဒီနေ့ သူမကိုယ်တိုင် ကားမောင်းရမည်ကို
သူမ ရိပ်စားမိလိုက်သည် ။
မောင်းသူနေရာမှာထိုင်လိုက်ပြီး ကားခါးပတ်ကို
ပတ်ပြီးနောက်

" ဘယ်ကို မောင်းရမှာလဲ? "

-
-
-

စားသောက်ဆိုင် တစ်ဆိုင်ရဲ့
အခန်းတစ်ခန်းထဲမှာ Sanaထိုင်နေရင်း
စားပွဲပေါ်ခင်းထားတဲ့စားပွဲခင်းကို
ဆော့နေလေသည် ။ ရုတ်တရက် သူမ မိဘတွေ
ထရပ်တာကို မြင်လိုက်ရ၍
သူမလည်း ထိုင်နေရာက ထလိုက်ပြီး
အနောက်ကို လှည့်ကြည့်မိတော့
Mr.Chouနဲ့ Mrs. Chouတို့ရဲ့အနောက်မှာ
ရပ်နေသည့် Tzuyuကို တွေ့လိုက်ရသည် ။
သူမ မိဘတွေကို နှုတ်ဆက်နေတဲ့ Tzuyuပုံစံက
ခပ်အေးအေး နဲ့ သိမ်သိမ်မွေ့မွေ့ ။ အခုထိ သူမကို
သတိထားမိပုံလည်းမပေါ်သေး ။

I Saw You    || SaTzuWhere stories live. Discover now