I Saw You ( 6 ) 🍀

649 74 9
                                    

ZG VeR.

အမှောင်ဟာ မီးအလင်းရောင်တွေကြောင့် တောက်ပနေခွင့်မရတဲ့အခါ ဘယ်အရာကို သူမုန်းမလဲ ။

လူတွေအများကြီး ကြားထဲမှာ ခြေစုံရပ်ပြီး ပတ်ဝန်းကျင်ကိုကြည့်ရင်း အတွေးများနေတဲ့ Sanaနဲ့Tzuyu .။ တစ်ကယ်တော့ သူမတို့နှစ်ယောက်စလုံး ညဘက် အပြင်မထွက်ဖူးကြဘူး ။ အခု သူမတို့ရောက်နေတဲ့ ညဈေးဆိုတာ လူတွေ ဒီလောက်အများကြီးနဲ့ စီကားနေလိမ့်မယ်လို့လဲ သူမတို့ ထင်မထားမိခဲ့တာ အမှန် ။

Sanaသူမဘေးမှာ ရပ်နေတဲ့ Tzuyuကို ကြည့်လိုက်တော့ Tzuyuကပါ သူမကိုလှည့်ကြည့်လာသည် ။

Tzu - " ဟို         ???         လူတွေတော်တော်များတာဘဲနော် "

Sa - " အွန် "

ပြန်ပြီး တိတ်ဆိတ်သွားတယ် ။ ဘာဆက်ပြောရမှန်း သူမတို့နှစ်ယောက် တစ်ကယ် စဉ်းစားမရခဲ့ဘူး ။ လက်‌သည်းတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ရင်း Tzuyuကိုသာ Sanaကြည့်နေမိသည် ။ အမြဲတည်ညိမ်နေတတ်တဲ့ Tzuyu မျက်လုံးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို ဒီညမှာ ပထမဆုံးအကြိမ် Sana မြင်ဖူးခဲ့တာဘဲ ။

တစ်ကယ်လှတယ် ပတ်ဝန်းကျင်ရော  ညမီးရောင်တွေရော ပြီတော့ ကျွန်မအရှေ့က မိန်းကလေးရဲ့ မျက်လုံး‌တွေရောဘဲ ။

Sa - " အရင်ဆုံး "

Tzu - " အွန် "

Sa - " ငါတို့ ဒီနေရာကနေ တစ်နေရာရာကို သွားသင့်တယ်လို့ ထင်တယ် "

Tzu - " အွန် .. သွားမယ်လေ .. ဘယ်ဘက်ကို အရင်သွားမှာလဲ "

Sa - " င့ါကို စဉ်းစားဖို့ အချိန်ခဏလောက် ပေး "

ဟုတ်တယ် ။ ဒါဘဲ Tzuyuလိုအပ်နေတာ Sanaအခုလို တောင်းဆိုလာဖို့ဘဲ ။ သဘောတူကြောင်း ခေါင်းညိတ်ပြီး Tzuyuတစ်ယောက် Sanaကို ကျောပေးပြီး တစ်ဖက်ကို လှည့်ရပ်လိုက်တော့ Sanaလည်း ခပ်မြန်မြန်ဘဲ Tzuyuကို ကျောပေးကာရပ်လိုက်သည် ။ အင်္ကျီအိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး Contactsထဲကနေ Chaeyoungရဲ့နာမည်ကိုရှာကာ စာအချို့ကို ခပ်မြန်မြန်ရိုက်လိုက်သည် ။ တစ်ဖက်မှာလည်း Internetကနေ အကြောင်းအရာအချို့ကို ရှာနေတဲ့ Tzuyu .

I Saw You    || SaTzuWhere stories live. Discover now