I Saw You ( 8 ) 🍀

606 71 2
                                    

ZG ver.

ရုပ်ရှင်ရုံအရှေ့က ခုံတန်းလျားတစ်ခုမှာ Sanaနဲ့Tzuyuထိုင်လျှက် ကောင်းကင်ကြီးကို ကြည့်နေကြသည် ။

Tzu - " ငါတို့သေသွားရင် ကြယ်ဖြစ်မှာလား"

Sa - " ဖြစ်ကောင်းဖြစ်နိုင်ပါတယ် "

Tzu - " အဲ့ဒိအခါ ငါတို့ ကောင်းကင်မှာ အခုလို အတူရှိနေနိုင်ပါ့မလား "

Sa - " အွန်း?? , ရှိမှာပါ .. အတူတူ "

Tzu - " အေးတယ်မလား "

Sa - " နည်းနည်း "

Tzuyu မျက်လုံးတွေဟာ ကောင်းကင်မှာ ဆက်မရှိချင်တော့သလိုမျိုး အနည်းငယ် လှုပ်ရှားလာသည် ။ အကြောင်းပြချက်တစ်ခုလောက်များ သူမ ရှာတွေ့နိုင်ရင် သူမ ဘေးမှာ ထိုင်နေသည့် မိန်းကလေးကို သူမ ကြည့်ချင်မိသည် ။

Sa - " နင် .. ငါ့ကို တစ်ချက်လောက် ကြည့်ပေး "

ဒါဟာ အကြောင်းပြချက်ကောင်းတစ်ခုပါလို့ Tzuyu မဆိုရက်ဘူး ။ ဘာလို့ဆို အဲ့ဒိမိန်းကလေးက သိပ်ကို လေးနက်တဲ့မိန်းကလေး။ လှည့်ကြည့်မိလိုက်လို့ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက သိပ်တော့လှမနေဘူး ။ Sanaဟာ သူမရဲ့လက်တွေနဲ့ မျက်လုံးတွေကို ပွတ်နေတာဘယ်လောက်ကြာနေပြီမှန်းမသိဘူး Tzuyuကြည့်မိတော့ မျက်လုံးတွေက ရဲနေပြီ ။

Sa - " ငါ့မျက်လုံးထဲ ဘာဝင်သွားလဲမသိဘူး .. စပ်နေတယ် "

Tzu - " အဲ့လို မပွတ်ရဘူးလေ "

မျက်လုံးတွေကို ပွတ်နေတဲ့ Sana ရဲ့ လက်နှစ်ဖက်ဟာ တစ်ချိန်ထဲမှာဘဲ တစ်ခြား လက်တစ်စုံရဲ့ ကြင်ကြင်နာနာဆုပ်ကိုင်ချင်းကို ခံလိုက်ရသည် ။ ငွေရောင်လက်စွပ်တွေရဲ့ ဖြစ်တည်မှုဟာ အခုလိုအချိန်မျိုးမှာဆို ပိုလှလာတတ်သည် ။ Sanaလက်တွေကို Tzuyuကိုင်ထားတတ်တဲ့ အချိန်တွေမှာ ပို၍လှနေတတ်သည် ။

မျက်လုံးတွေက တစ်ကယ် သိမ်မွေ့တာ ။ နာကျင်နေတဲ့ မျက်လုံးရဲရဲတစ်စုံဟာ သူ့ကို စူးစိုက်ပြီးကြည့်ရင်း စိတ်ပူပေးနေတဲ့ မျက်လုံးတစ်စုံကို သေချာ မြင်အောင်ကြည့်နိုင်လိမ့်မယ်လို့ထင်လား ။ ပြောခဲ့ပါတယ် အဲ့ဒိမိန်းကလေးက သိပ်‌ကိုလေးနက်တာပါလို့ ။
ပုတ်ခတ်နေတဲ့မျက်တောင်‌တွေအ‌ရှေ့မှာ တစ်ခါတစ်လေ နှုတ်ခမ်းတစ်စုံဟာ ရောက်ရောက်လာတတ်တယ် ။

I Saw You    || SaTzuWhere stories live. Discover now