I Saw You ( 2 ) 🍀

1.5K 136 8
                                    

ZG ver. . .

" သတိရလာပြီလား..?"

Sana မျက်ဝန်းတွေ ဖွင့်လာခြင်းနဲ့အတူ lavenderပွင့်ဖက်လေးတွေဟာ တဖြည်းဖြည်းပျောက်ကွယ်လို့သွားသည်. . ။ အခုတော့ သူမဟာ သာမန် ကုတင်ပေါ်မှာဘဲ အိပ်စက်နေလျှက်. .။

သူမအတွက် စိမ်းလွန်းသည့် အခန်းငယ်ကြောင့်တော့ သူမ မျက်ဝန်းမှေးမှေးတွေဟာ ချက်ချင်းဆိုသလို အခန်းအတွင်း နေရာအနှံ့ အခြေချသွား၏။ ကိုယ်ခန္ဓာဟာ ကုတင်မှာ လှဲလျှောင်းမနေတော့ဘူး. . ။

" ဘယ်ကို ရောက်နေတာလဲ . .? "

သူမကိုယ်သူမ မေးခွန်းပြန်ထုတ်မိရင်း အဖြစ်အပျက်အချို့ကို ပြန်စဉ်းစားလိုက်မိ၏. .။ ဝေဝေဝါးဝါးပုံရိပ်တွေကြောင့်တော့ သူမ ခေါင်းတွေကိုက်လာခဲ့သည်. .။ သူမ မှတ်မိတာ တစ်ခုဘဲရှိ၏ ။ Lavenderပန်းတစ်ပွင့်နဲ့ မိန်းကလေး. . ။

နဖူးအထက်က ဆံနွယ်တွေကို အပေါ်သို့ သူမလှန်တင်လိုက်ပြီး သူမ ကိုယ်ပေါ်က စောင်ကိုကြည့်၏. .။ပြီးနောက် အင်္ကျီကို အနည်းငယ် လှန်ကြည့်မိတော့ ဝမ်းဗိုက်က ဓားဒဏ်ရာဟာ မနေ့ညကလို သွေးထွက်လွန်မနေတော့ဘူး. .။ တစ်ဖန် ခေါင်းကိုပြန်စမ်းကြည့်မိပြန်တော့ တုတ်နဲ့အရိုက်ခံရပြီး ကွဲသွားတဲ့ ခေါင်းဟာ အခုတော့ ပတ်တီးအဖွေးသားနှင့် . .။

အခုထိ သူမ သတိမထားမိသေးတာက သူမ ကုတင်ဘေးက ဖန်ခွက်ငယ်ထဲမှာထိုးထားသည့် lavenderလေးကိုပင်. .။

ကြောက်စိတ်ကြောင့် ကုတင်ပေါ်က သူမဆင်းလိုက်ပြီး အနှောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်လိုက်ကာ ကုတင်ကိုကြည့်မိသည်. .။ သူမ အနောက်မှာ နီးကပ်စွာရပ်နေသည့် Tzuyuက တော့ သူမ ကျောပြင်ကို ကြည့်ပြီး ပြုံးနေ၏။ ကုတင်ပေါ်ကဆင်းလိုက်တုန်းက လက်မှာသွင်းထားတဲ့ ဆေးအပ်ပြုတ်သွားချင်းကြောင့်တော့ သူမ လက်ခုံးနာသွားသည်. . ။

" ငါ မသေဘူးလား. .? "

နှုတ်ခမ်းလေးလှုပ်သွားရုံတမယ် ပြောလိုက်သည့် ထိုစကားဟာ တိုးတိုးလေးရယ်ပါ. . ။ ချာခနဲ လှည့်လိုက်မိတော့ သူမရဲ့မျက်နှာဟာ Tzuyuရင်ဘက်နဲ့ တစ်တန်းထဲဖြစ်သွားသည်. . ။ သူမ အရှေ့မှာ ဘယ်သူမှရှိမနေသလို အသက်မဲ့နေတဲ့ မျက်ဝန်းတွေ . .။ Tzuyuကတော့ သူမကို ပြုံးပြီးကြည့်နေဆဲ. .။

I Saw You    || SaTzuWhere stories live. Discover now