I Saw You ( 7 ) 🍀

772 73 9
                                    

Zg VEr.


ပန်းတွေက ရေစိုသွားရင် ပုံမှန်ထက် ပိုလှလာတတ်တယ်လို့ မထင်မိဘူးလား ။ Lavender ပန်းတွေကိုကြည့်ပြီး ဝမ်းနည်းနေတာ Tzuyuတစ်ယောက်ထဲ မဟုတ်ဘူး ။ တိမ်တွေလည်း သူမနဲ့ထပ်တူ ဝမ်းနည်းနေတာပါဘဲ ။ ကျောပြင်တစ်ခုဟာ ကျောပြင်တစ်ခုကို ကျောခိုင်းရင်း ထွက်သွားခဲ့ပြီ ။ လှည့်ကြည့်ချင်ပေမဲ့ သူမဘက်ကဘဲ အမြဲငေးကြည့်နေရတာကို သူမ တစ်ကယ် မကြိုက်ချင်တော့ဘူး ။ ဝမ်းနည်းရပ်ဝန်းမှာ မျက်ရည်တွေ လမ်းပျောက်ကုန်တာ ထီးဆောင်းထားတဲ့ မိန်းကလေးကြောင့် မဟုတ်တာတော့ အသေအချာပါဘဲ ။

အခုထိ Tzuyuကို လိုက်ရှာနေသေးတဲ့ Sanaရဲ့ မျက်ဝန်းတွေထဲ အခန်းလိုက်ကာစတစ်ခုက နေရာဝင်ယူလာသည် ။

" ပြတင်းတံခါးပွင့်နေတာလား "

လေတိုးလို့ လွင့်နေတဲ့ လိုက်ကာစတွေကို ကြည့်နေမိရင်း ထိုအခန်းထဲက မိန်းကလေးကို သူမ သတိရသွားသည် ။

" ! သူ့ကုတင်က ပြတင်းပေါက်နဲ့ နီးနီးလေး "

ရပ်နေတဲ့ ခြေထောက်တွေဟာ စတင်ပြီး လှုပ်ရှားလာသည် ။ လက်ထဲက အလိုလိုလွတ်ကျသွားတဲ့ ထီးဟာ မြက်ခင်းတွေအပေါ် ခုန်‌ပေါက်ကျဆင်းသွားလေရဲ့ ။ ကျစ်ကျစ်ဆုပ်ကိုင်ခံထားရတဲ့ စာအုပ်လည်း သူမနဲ့ထပ်တူ မိုးရေတွေ စိုကုန်သည် ။ မိုးရေတွေထဲ အကာအကွယ်မရှိဘဲ ပြေးနေတဲ့ သူမရဲ့ မျက်ဝန်းတွေဟာ ခပ်မှေးမှေးရယ်ပါ ။

-
-
-

အခန်းတံခါးတစ်ခုရဲ့အရှေ့မှာ ခဏတာလောက် Sana ခြေလှမ်းတွေ ရပ်တန့်သွားသည် ။ သူမအခန်းရှေ့ကို ရောက်လာထဲက အခန်းထဲက မိန်းကလေးရဲ့ နှလုံးဟာပြန်ပြီး ပုံမှန်အတိုင်း အလုပ်ပြန်လုပ်လာခဲ့သည် ။ ပြတင်းတံခါးတွေ ပိတ်ပြီး ကုတင်ဘေးပြန်ရောက်လာတဲ့ နွေဦးနတ်သမီးဟာ ထိုမိန်းကလေးရဲ့ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်လာခြင်းကြောင့် အံ့အားသင့်နေတုန်း ကြားလိုက်ရတာက အခန်းတံခါးဖွင့်သံ တစ်ခု ။

ဖွင့်မရတဲ့ အခန်းတံခါးကြောင့်တော့ Sana စိတ်တွေ ပိုပြီး လေးလံလာသည်။

I Saw You    || SaTzuWhere stories live. Discover now