Zg ver .
" နှုတ်ဆက်ရမလား? "
" ဟွန်? "
" ကျွန်မ ရှင့်ကို နှုတ်ဆက်ရမလားလို့ ? "
" ဟင့်အင်း , ရပါတယ် .. နှုတ်မဆက်ပါနဲ့ "
Lavenderတွေကိုငေးရင်း
အနားမှာ ထိုင်နေတဲ့
မိန်းကလေးအကြောင်းကို တွေးရင်း
နှုတ်ဆက်စကားပြောဖို့
Tzuyu စကားလုံးတွေ စီရီကြည့်တယ် ။
ရပါတယ်ဆိုတဲ့ အသံထွက်တစ်ခုမှာ
ပြတ်တောက်သွားတဲ့ အတွေးစတွေ
မှေးမှိန်ပျောက်ကွယ်သွားတဲ့ စကားလုံးတွေ
အတွက် သူမ ခပ်ပါးပါးလေး
အားနာမိသွားတယ် ။" ဒါဆို နှုတ်မဆက်တော့ဘူးနော် "
" ဟုတ် "
လူနှစ်ဦးနှစ်ယောက်ကြား
နှုတ်ဆက်တယ်ဆိုတာ ဝေးကွားခြင်းကို
အစပြုစေဖို့
အဓိပ္ပာယ်ဆောင်လိုက်တာဘဲ။
တစ်ကယ် ဝေးရမဲ့အချိန်ထက်
ပိုပြီး ဝေးကွာရမဲ့အရာမျိုး
Sana ( သူမ ) အလိုမရှိဘူး။
နှုတ်ဆက်စကားတွေ အစပျိုးခြင်းဟာ
ဝေးကွာခြင်းရဲ့ တစ်ကယ့်အစဘဲ ။
အရင်ဆုံးအနေနဲ့ စကားလုံးတွေနဲ့
သူမတို့ စဝေးကြရတယ် မဟုတ်ပါလား ။ပြန်မလာမဲ့သူမှ မဟုတ်ရင်
နှုတ်မဆက်ဘဲနေကြရအောင် ။
နှုတ်ဆက်ခြင်းဟာ
မေတ္တာထားတတ်သူတိုင်းအတွက်
တစ်ကယ့်ကို နာကျင်စေတဲ့အရာပါဘဲ ။-
-
-" ငါ့ကို အားနာရင် နင့်အရှေ့က ကော်ဖီကိုသောက်သင့်တယ်လို့ ငါထင်တယ် Nayeon "
" ငါနင့်ကို အားမနာတတ်တာ နင်သိပါတယ် "
" စကားပြောမှားသွားတာဘဲ .. ငါ့ကိုမဟုတ်ဘဲ ငါ့အချိန်တွေကိုပေါ့ "
ခပ်စူးစူးမျက်ဝန်းတစ်စုံကို
မျက်စောင်းတစ်ချက်ပစ်လိုက်ပြီ
သူမအရှေ့က ကော်ဖီခွက်ကို
Nayeonကိုင်လိုက်သည် ။
ဒီမိန်းကလေးက အချိန်ကို
သိပ်တန်ဖိုးထားတာ အဲ့ဒိမိန်းကလေး သိတယ် ။" ခါးလိုက်တာ "
" သကြားမှ မခပ်ဘဲ "
အရသာခါးခါးကြောင့် ဖြစ်သွားတဲ့
Nayeonရဲ့ မျက်နှာပုံစံကို ကြည့်ပြီး
ထိုမိန်းကလေးဟာ အားပါပါပြုံးတယ် ။
ဟန်ဆောင်အပြုံးတွေမဟုတ် သလို
လှောင်ပြုံးတွေလည်း မဟုတ်ဘူး ။
![](https://img.wattpad.com/cover/189900610-288-k74550.jpg)
YOU ARE READING
I Saw You || SaTzu
Fanfictionပုံပြင်တွေ ပုံပြင်တွေ နားထောင်ဖူးလား နားေထာင္ဖူးလား unnie? unnie?