I Saw You ( Final : 24 ) 🍀

1.5K 82 33
                                    

Zg ver.

" ဒါဆို ဘာလို့လဲ? "

" ငါ့အနားမှာဘဲ ‌နေပါလား?.. နင်စောင်သွားယူမဲ့ အချိန်ခဏလေးတောင်  ငါနင့်ကို လွမ်းမနေချင်လို့ပါ "

" အတူတူရှိနေတာဘဲမလား? "

တစ်ခုခုကို ဝမ်းနည်းနေသလိုမျိုး Tzuyuမျက်ဝန်းတွေဟာ Sanaကို မော့ကြည့်နေရာက သူမ လှမ်းဆွဲလိုက်မိတဲ့ Sanaလက်ကောက်ဝတ်ကို ကြည့်လိုက်ရင်း တွေဝေစွာဘဲ

" ငါ ~ , နင့် မိဘတွေဆီ ဖုန်းဆက်ထားတယ် .. ခဏလောက်နေရင် ‌ဒီကို ရောက်လာလိမ့်မယ် .. နင် ပြန်လိုက်ချင်ရင် လိုက်သွားလို့ရပါတယ် .. ငါ့အတွက် စိတ်မပူပါနဲ့ .. တစ်ယောက်ထဲလည်း ငါနေတတ်ပါတယ် "

ထိန်းထားတဲ့ကြားကနေ ပါးပြင်ပေါ် လိမ့်ဆင်း ကျလာတဲ့ မျက်ရည်စတွေကိုလည်း သူမ စိတ်မဆိုးရက်ဘူး ။ ဆွဲထားမိတဲ့ လက်ကလေးကိုလည်း သူမမှာ မလွှတ်ရက်ပြန်ဘူး ။ အံ့ကိုကြိတ်လိုက်ပြီး  မျက်ရည်တွေ ထပ်ပြီး မကျလာတော့ဖို့ သူမ မျက်လုံးတွေနဲ့ နာကျင်နေတဲ့ စိတ်အစုံကို သူမ တောင်းပန်နေမိသည် ။

" ပြန်တော့လာခဲ့နော် .. ငါစောင့်နေမယ် "

Sanaလက်ကောက်ဝတ်ကို ကိုင်ထားတဲ့ သူမလက်ကို လွှတ်လိုက်တော့ Sanaဟာ သူမ အနားကနေ သူမကို စကားတစ်ခွန်းပြန်မဆိုဘဲ အိမ်ထဲဝင်သွားခဲ့သည် ။ ကျန်လက်တစ်ဖက်မှာ ဆုပ်ကိုင်ထားမိတဲ့ MP3လေးဟာ မနက်က သူမ မိဘတွေဆီ ဖုန်းဆက်ဖို့ သူမဖုန်းကို လိုက်ရှာခဲ့တုန်းက အံဆွဲထဲမှာ သူမဖုန်းနဲ့အတူတွေ့ခဲ့ခြင်းဖြစ်သည် ။ အံ့ကိုကြိတ်ပြီး ငိုနေတဲ့ မိန်းကလေးတစ်ယောက်ဟာ Lavenderတွေရဲ့ ခပ်ဝေးဝေးမှာ ။ Mp3ကို ကျစ်နေအောင်ဆုပ်ကိုင်ထားမိလို့ ထင်းနေအောင်ပေါ်လာတဲ့ လက်ကအ‌ကြောတွေဟာ ခပ်ဝေးဝေးက Lavender
ရိုးတံတွေနဲ့ပွင့်ဖက်တွေလို ။

နွေးသွားတဲ့ Tzuyuရဲ့လည်တိုင်တစ်ဖက်နား Sanaရဲ့ ပါးပြင်တစ်ဖက်ဟာ နေရာယူလာတယ် ။
အနောက်ကနေ ယှက်ပြီး သူမကို ဖက်လာတဲ့ Sanaကြောင့် Tzuyuပို ငိုမိသွားသည် ။

" စောင့်နေပေးနော် .. ပြန်လာခဲ့မယ် .. ကျေးဇူးတင်ပါတယ် ငါ့မိဘတွေဆီ ငါ့ကိုသွားခွင့်ပေးလို့ "

I Saw You    || SaTzuOnde histórias criam vida. Descubra agora