Zg ver.
Sanaမှာ ကိုယ်ဝန်တစ်ကယ်ရှိနေတာ
မဟုတ်ကြောင်း Tzuyuမိဘတွေကို
Tzuyuပြောလိုက်ပြီးနောက်
Chaeyoungကော်ဖီဆိုင်သို့
Sanaရောက်လာခဲ့သည် ။ကော်ဖီလာချပေးတဲ့ Chaeyoungက
မျက်နှာမကောင်းသည့် Sanaကိုကြည့်ကာ" အိမ်မှာ ကိစ္စတစ်ခုခုရှိလို့လား? "
" Chaeyoung ~ "
" အွန် , ပြောလေ "
" ငါတို့ အမှန်တိုင်း ပြောလိုက်ပြီ "
စားပွဲကိုဘဲ တွေတွေကြည့်နေပြီး
အခုထိ သူမကို ကြည့်မလာသေးတဲ့
Sanaကို Chaeyoungကြည့်နေရင်းဘဲ" ဘာကိုလဲ? "
" ငါ့မှာ ကိုယ်ဝန် တစ်ကယ်ရှိနေတာမဟုတ်ဘူးဆိုတဲ့အကြောင်း "
အကြောင်းအရာတစ်ခုဟာ
နှုတ်ခမ်းတစ်စုံကနေ
ပွင့်အံထွက်လာတဲ့နောက်
မျက်ဝန်းတွေဟာလည်း
Chaeyoungဆီသို့ အလိုလို
ရောက်ရှိလာတယ် ။ အစထဲက
သူမကို ကြည့်နေပုံရတဲ့ Chaeyoungရဲ့
မျက်ဝန်းတွေဟာ သူမမျက်ဝန်းတွေကို
ရှောင်လွှဲမသွားဘဲ ဆက်ကြည့်နေရင်း" Mrs. Chouက ဘာပြောလဲ? "
" အခုထိ ဘားမှမပြောသေးဘူး "
" ဒီတော့ "
" ငါ မသိတော့ဘူး "
" နင် , Tzuနဲ့ ကွာရှင်းမှာလား "
" ငါ ကြောက်နေတယ် Chaeyoung ya .. ငါ ငါ ငါ "
" Tzuyuလာနေပြီ "
ဆိုင်တံခါးဘက်ကို မျက်နှာမူထားတဲ့ Chaeyoungက Sanaကို အသိပေးလာတယ် ။
သူမတစ်ကယ် အဲ့ဒိမိန်းကလေးကို
လှည့်ကြည့်ချင်တယ် ။
ဒါပေမဲ့ သူမ လှည့်မကြည့်မိဘူး ။တစ်ကယ်ပါ ။
နင့်ကိုငါ အဆုံးရှူံးမခံနိုင်တော့ဘူး Tzuyu ။
ငါနင့်ကို အခုနေ လှည့်ကြည့်မိရင်
ငိုမိတော့မှာ ။-
-
-" ကားခဏရပ်ပေးမလား "
Sanaတောင်းဆိုမှုကြောင့်
Tzuyuကားကို လမ်းဘေးမှာ
ချရပ်ပေးလိုက်သည် ။" ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် ငါနင့်ကို ကွာရှင်းမှာ မဟုတ်ဘူးနော် "
အတ္တကြီးတယ်ဘဲထင်ထင် ။
တစ်ကိုယ်ကောင်းသမားလို့ဘဲ ထင်ထင် ။
ထင်ချင်သလိုထင် ငါက နင့်မိန်းမဘဲလုပ်မှာ ။
YOU ARE READING
I Saw You || SaTzu
Fanfictionပုံပြင်တွေ ပုံပြင်တွေ နားထောင်ဖူးလား နားေထာင္ဖူးလား unnie? unnie?