I Saw You ( 12 ) 🍀

437 62 14
                                    

Zg ver.

နံနက်နေရောင်‌တွေကို ကျောပေးရင်း ပြတင်းတံကားဘက်ကို ကျောပေးကာ ထိုင်‌နေတဲ့ Sanaဆီကနေ ကုတင်ပေါ်က မိန်းကလေးအား ကဗျာဖတ်ပြနေတဲ့ အသံကို ကြားနေရသည် ။

" အချစ်နဲ့ဝမ်းနည်းခြင်းအကြောင်း ရေးထားတဲ့ ကဗျာတွေ မင်းဖတ်ဖူးလား ? .. အချစ်အကြောင်းတွေဖတ်ရင်း ငါသိလာရတာ ဝမ်းနည်းခြင်းအကြောင်းတွေဘဲ .. အချစ်ဟာ ချစ်မိသလောက်ကို ဝမ်းနည်းရပါတယ် "

Lavenderပန်းတွေကို ကိုင်ကြည့်ပေမဲ့ အရင်လို ထိတွေ့နိုင်မှုမျိုး Tzuyuမရတော့ဘူး ။ သူမ လက်တွေက အငွေ့တွေလိုဖြစ်နေတယ် ။ ပန်းတွေကို ထိတွေ့လို့ မရဘူး ။ Tzuyuရဲ့ အဝေးခပ်လှမ်းလှမ်းမှာ ရပ်ပြီး Tzuyuကို ကြည့်နေတဲ့ နွေဦးနတ်သမီးရဲ့ကျောပြင်ဟာ အရင်နေ့ရက်တွေလို အဖြူရောင် မဟုတ်ဘဲ အနီရောင် ဖြစ်နေသည် ။ နွေဦးနတ်သမီးဟာ အနီရောင် ဝတ်စုံအရှည်ကို ဝတ်ဆင်ထားသည် ။

" ဘာလို့ ကိုင်လို့မရတာလဲ ? ! "

ကိုယ့်လက်ကိုယ်ပြန်ကြည့်ရင် အံ့အားသင့်နေတဲ့Tzuyu ။ Tzuyuအနားကို လျှောက်လာတဲ့ နွေဦးနတ်သမီးဟာ

" Tzuyu Yar !! , unnieနဲ့ ဒီနေ့ တစ်နေရာကို အတူတူလိုက်ခဲ့ပေးမလား ? "

အသံလာရာအရပ်ဆီ Tzuyuလှည့်ကြည့်လိုက်ပေမဲ့ ထိုအရပ်မှာ နွေဦးနတ်သမီးဟာ ရှိမနေဘူး ။ မျက်လုံးတွေဟာ စတင်ပြီး လှုပ်ရှားလာတယ် ။ အရပ်ဆယ်မျက်နှာလုံးကို Tzuyuလိုက်ကြည့်ပြီး နွေဦးနတ်သမီးကို ရှာ‌ပါသော်လည်း မတွေ့ရ ။ စိုးထိတ်လာတဲ့ စိတ်အစဉ်ကြောင့် ထိုအခြေအနေကို Tzuyu ကြောက်လာသည် ။

" ဝါးးး!!! "

ရုတ်တရက် အောက်ကနေ ပေါ်လာသည့် နွေဦးနတ်သမီးကြောင့်တော့ Tzuyuငိုမိသွားသည် ။

" ဟင်! , ဘာလို့ ငိုတာလဲ? "

Tzuyuမှာ နွေဦးနတ်သမီးရဲ့ မေးခွန်းအတွက် အဖြေမရှိသလိုမျိုး တဖြည်းဖြည်း ပိုပိုပြီးတော့ မျက်ရည်တွေဟာ ကျလာသည် ။

" Unnieက စတာလေ .. လန့်သွားတာလား? .. လန့်သွားလို့ ငိုတာလား? "

နွေဦးနတ်သမီးဟာ ဘယ်လို ပုံစံရှိတဲ့ မိန်းကလေးမျိုးမှန်းတော့ မသိပေမဲ့ သူမရဲ့ အသံဟာ အရမ်းကို ကြင်နာပြီး နွေးထွေးလွန်းသည် ။ Tzuyuရဲ့ကိုယ်လေးကို ဖက်လိုက်ပြီး Tzuyuကျောပြင်လေးကို ပုတ်ကာ

I Saw You    || SaTzuWhere stories live. Discover now