I Saw You ( 22 ) 🍀

423 48 6
                                    

Zg ver.

" ငါတို့က အသက်အတူတူဘဲလား? "

" အွန် .. ဒါပေမဲ့ နင်က ငါ့ထက် နှစ်လကြီးတယ် "

" ဒီတော့ ငါက နင့်ထက်ကြီးတယ် .. အကြီးပြောတဲ့စကားကို နင် နားထောင် .. ငါ့ကို အိမ်လိပ်စာပေး "

ဒီမိန်းကလေးကို ဘာထပ်ပြောရမှန်းမသိတော့လို့
Sanaမျက်ဝန်းတွေထဲ Tzuyuငေးပစ်လိုက်သည် ။

" ဘာလို့ ရင်းနှီးနေသလိုမျိုး ဆက်ဆံရတာလဲ?.. ငါ့ကို မမှတ်မိဘူးဆိုပြီး "

" ဟွန်!? "

" ဘာလို့လဲ?.. ငါက နင့်အတွက် သူစိမ်းတစ်ယောက်လို ဖြစ်နေတာဘဲဟာ "

စကားလမ်းကြောင်းလွှဲလိုက်တာမျိုး မဟုတ်ဘူး
Tzuyuက သူမ သိချင်တာလေးကို ခေါင်းထဲပေါ်တာတုန်း မေးလိုက်ယုံသက်သက်ဘဲ ။ ကိုယ့်မျက်ဝန်းတွေထဲ လှမ်းငေးတဲ့ မျက်ဝန်းတစ်စုံဟာ အရမ်းကို နူးညံ့လွန်းပြီး အပြစ်ကင်းလွန်းသည် ။ Tzuyuမျက်လုံးတွေကို Sanaရှောင်ဖယ်လိုက်ပြီး

" ငါ          နင့်ကို သိခဲ့တယ် "

" ငါ့ကို? "

" အွန်းး .. အခုလိုမျိုး ငါ့မျက်လုံးတွေအရှေ့ မှန်သေးသေးလေးတွေ ကာထားမှ မြင်ရနိုင်တဲ့ နင့်ကိုလေ "

တစ်စုံတစ်ယောက်ကို အမှတ်ရနေတဲ့ စိတ်အစုံနဲ့ ထိုသူကိုတွေးနေတဲ့ စိတ်အစုံဟာ မျက်ဝန်းတွေမှာ ထင်းဟပ်နေသည့်အလား တွေးပြီးငေးတဲ့ မျက်ဝန်းတွေက ဘယ်တစ်ဦးတစ်ယောက်ကို Sanaတွေးပြီး ပြောနေမှန်း Tzuyuမသိပါဘူး ။ ဒါပေမဲ့ ဝမ်းနည်းလာတဲ့ သူမ စိတ်ဝိညာည်ဟာ သူမငေးနေမိတဲ့ Sanaမျက်ဝန်းတွေကို အားနာကြောင်းတွေ ပြောနေလေသည် ။

" ခဏလေးပေါ်လာပြီး အကြာကြီးပျောက်သွားတတ်တဲ့သူ .. သူက အဲ့လိုလူမျိုး "

" အဲ့ဒိသူက ငါလား? "

သူမကို ပြန်ကြည့်လာတဲ့ Sanaမျက်ဝန်းတွေဟာ ‌သူမတို့အနား တိုးဝေ့ကာဖြတ်တိုက်သွားတဲ့ လေကြောင့် မျက်တောင်တွေတစ်ချက်တစ်ချက်ပုတ်ခက်သွားသည် ။ လွင့်သွားတဲ့ ဆံနွယ်တွေကြောင့် နဖူးပြင်ကျဉ်းကျဉ်းလေးဟာ ထင်းခနဲပေါ်လာသည် ။ ပွင့်အံလာတဲ့ နှုတ်ခမ်းခပ်ပါးပါးက စကားသံအချို့ကို သူမ နားထောင်ရင်း ခပ်လှလှ နှုတ်ခမ်းတွေကို ငေးနေမိသည် ။

I Saw You    || SaTzuWhere stories live. Discover now