I Saw You ( 13 ) 🍀

474 62 6
                                    

Zg ver.

" ရှင် မနက်ဖြန် ဒီကိုထပ်လာအုံးမှာလား? "

" ကျွန်မနဲ့ထပ်တွေ့ချင်တာလား? "

" အဲ့သဘောပါဘဲ "

" လာခဲ့မယ် .. အချိန်တွေအများကြီး မကျန်တော့ပေမဲ့ နေ့တိုင်း ရှင့်ကိုလာတွေ့ပါ့မယ် "

Lavenderတွေဟာ မျက်ဝန်းလှလှတွေရဲ့ အကြည့်ကို Tzuyuစကားတစ်ခွန်းကြောင့် ဆုံးရှုံးသွားခဲ့ရတော့သည် ။ စောင်းငဲ့ကြည့်မိလို့ ဘေးတိုက်မြင်နေရတဲ့ သူမဘေးက မိန်းကလေးရဲ့ မျက်နှာဟာ သူမအတွက် ရင်းရင်းနှီးနှီးရှိနေသလို ။

" ကျွန်မတို့ သိလားဟင်? "

" ကျွန်မကို ရင်းနှီးနေသလိုမျိုး ရှင်ခံစားနေရတယ်မလား? "

" အွန် "

အွန်ဆိုတဲ့ Sanaရဲ့ အသံငယ်အဆုံး Tzuyuဟာ Sanaကို လှည့်ကြည့်လိုက်ပြီး

" အိမ်ထဲက မိန်းကလေးနဲ့ တူတာကြောင့်ပါ .. ရှင်နဲ့ကျွန်မ မသိပါဘူး "

" မသိဘူးဘဲ .. ဒါနဲ့ ရှင်မပြန်သေးဘူးလား? မကြာခင် မှောင်တော့မှာ "

" ပြန်ရတော့မလား? "

ကိုယ့်ကိုကိုယ် Tzuyuပြန်မေးလိုက်ပြီး ထိုင်နေရာက ထရပ်လိုက်သည် ။ Sanaလည်း ထိုင်နေရာက ထရပ်လာသည်မို့

" ‌မနက်ဖြန် ကျွန်မ ရှင့်ဆီထပ်လာခဲ့မယ် "

" ကျွန်မ စောင့်နေပါ့မယ် "

" ဒါဆို ကျွန်မ သွားတော့မယ် "

" ဟုတ်ကဲ့ "

" တံခါးတွေ သေချာပိတ်ပြီးမှ အိပ်နော် "

" !! "

နောက်ဆုံးအကြိမ် Tzuyu , Sanaကို ပြုံးပြလိုက်ပြီး

" ရှင်ကလေ ဒီစာကြည့်မျက်မှန်နဲ့လည်း ကြည့်ကောင်းတာဘဲ .. သွားပြီ "

ပြောပြီး ကားလမ်းမကြီးဘက်လျှောက်သွားတဲ့ Tzuyuကို Sanaလှမ်းကြည့်နေမိသည် ။

Sana' s POV

အံ့အားသင့်နေတဲ့ သူမ မျက်ဝန်း‌တွေ ၊ ပျော်နေတဲ့ သူမ မျက်ဝန်းတွေ ၊ ဝမ်းနည်းနေတဲ့ သူမ မျက်ဝန်းတွေ ၊ လွမ်းဆွတ်နေတဲ့ သူမ မျက်ဝန်းတွေ ၊ အဆုံး နာကျင်နေတဲ့ သူမ မျက်ဝန်းတွေကို ကျွန်မ ရင်းနှီးနေတယ် ။ ရုတ်တရက် အနားကို ရောက်ရောက်လာတတ်ပြီး ရုတ်တရက်ဘဲ ပျောက်ပျောက်သွားတဲ့ သူမကို ကျွန်မ မကြောက်မိဘူး ။ ဘာလို့ သူမကို ကျွန်မမြင်တွေ့ရတိုင်း အဲ့လိုတွေခံစားနေရတာလည်းဆိုတာကိုတော့ ကျွန်မ မသိဘူး ။ သူမနဲ့ ပတ်သက်ပြီး ကျွန်မ သိလိုက်ရတာ တစ်ခုဘဲရှိတယ် ။ သူမက ကျွန်မလို လူတစ်ယောက် မဟုတ်ဘူးဆိုတာဘဲ ။ Tzuyu shi ရဲ့ လိပ်ပြာလား? ။

I Saw You    || SaTzuDonde viven las historias. Descúbrelo ahora