Part 1

23.4K 1K 23
                                    

*Zawgi Version*

Year 2008,

#Ti Ti~~Ti Ti~~Ti Ti~~~

တိတ်ဆိတ်နေသောအခန်းတစ်ခုအတွင်းကျယ်လောင်စွာ ထွက်ပေါ်နေသော နှိုးစက်သံ။
အခန်းတစ်ခုဟုဆိုသော်လည်း...လူနေသည့်အခန်းနှင့် လုံးလုံးမျှမတူ။ ခြေအိတ်များ၊ လုံးထွေးထားသော အင်္ကျီတစ်ချို့နှင့် ယောကျာ်းလေးဝတ်အတွင်းခံများမှာ ကြမ်းခင်းပြင်ပေါ်တွင်သာမက ထိုင်ခုံပေါ်နှင့် အိပ်ရာပေါ်များတွင် ပြန့်ကျဲလျက်နေရာယူထားသည်။

ကုတင်ပေါ်တွင်စောင်များနှင့်အတူလုံးထွေး၍ဖတ်ထုပ်ကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော လူတစ်ယောက်။ ရုတ်တရပ်တိတ်ဆိတ်နေသောအခြေအနေကို နှိုးစက်သံကဖြိုခွင်းလိုက်ခြင်းကိုမကျေနပ်သည့်အလား... ဖတ်ထုပ်ကဲ့သို့စောင်ကြီးအတွင်းမှ လက်ထွက်လာပြီး နှိုးစက်ကိုပိတ်၍ပြန်အိပ်လေသည်။

သို့သော်လည်း...မကြာလိုက်ပါ။
လူသားနှိုးစက်ကိုယ်တိုင်လာနှိုးလေသည်။

"Ya Byun Baekhyun ခုထိမထသေးဘူးလား။ ဒီနေ့ကျောင်းစတက်ရမယ်မဟုတ်လား။ နေကဖြင့်ဖင်ထိုးနေပြီ ဒင်းလေးကနှပ်လို့ကောင်းတုန်း..ထ..ထ မြန်မြန်ထစမ်း... ဒီလိုနဲ့ပထမဆုံးစတက်မယ့်ရက်မှာနောက်ကျနေတော့မယ်။

အိုက်ရီးဂူး..ကိုယ့်အခန်းကိုယ်ရှင်းပါလို့ပြောနေတာလည်း အရင်နှစ်ကတည်းက။ တစ်တန်းသာတက်လာတယ် ဒီအခန်းကတစ်စက်ကလေးမှပြောင်းမလဲသွားဘူး။ တကယ့်ကိုလူနေတဲ့အခန်းအဟုတ်ဖူး ဝက်ဘဲ...တကယ့်ကို ဝက်နေတဲ့ရွှံ့အိုင်ကြီးအတိုင်းဘဲ...အိုက်ရီးဂူး.."

ရုတ်တရပ်အခန်းအတွင်းသို့တံခါးမခေါက် ဘာမခေါက် ဝင်လာသော မွေးသမိခင်ကျေးဇူးရှင်။ အခန်းထဲဝင်လာပြီး ပထမဆုံးပြတင်းပေါက်လိုက်ကာများကို ဆွဲဖွင့်၍ အလင်းဝင်အောင်လုပ်သည်။ ထို့နောက် ဖက်ထုပ်ကဲ့သို့ စောင်ကြီးကိုဆွဲခွာလိုက်တော့ ထွက်လာသည့် အင်္ကျီ၊ ဘောင်းဘီများကိုမြင်၍ ကောက်သိမ်းရင်း ပါးစပ်ကလည်းမရပ်မနား ပြောပြန်သည်။

မားကို ပါးဘယ်လိုများကြိုက်ပြီး ယူခဲ့လဲ ခုထိစဉ်းစားလို့မရ။
သေချာသည်။ ဒီလိုအခြေအနေနဲ့ဆိုဆက်အိပ်လို့မရတော့။

H Y U N GWhere stories live. Discover now