Part 36

6.3K 656 33
                                    

Unicode

Baekhyun ပတ်ပတ်လည်တွင် နွေးထွေးသော လေထုလွှမ်းခြုံမှုကို ခံစားနေရသော်ငြား မြင်ကွင်းသည်မူ မှောင်မဲနေကာ မည်သည်ကိုမျှ မမြင်ရ။ အားတင်းကာ မျက်လုံးကို ကြိုးစားဖွင့်လိုက်တော့ မျက်နှာကြတ်မှ မီးအလင်းရောင်​ကြောင့် ဘေးတစ်ဖက်သို့ စောင်းလိုက်ရသည်။

မိမိ ဘယ်ရောက်နေသနည်း ဆန်းစစ်ဖို့ ခေါင်းထဲပြင်ဆင်နေစဥ်ပင်ရှိသေး ကုတင်ဘေးတွင် ခေါင်းတင်မှောက်ကာ အိပ်ပျော်နေသော လူတစ်ယောက်ကို အလျင်မြင်လိုက်ရသည်။ မျက်စိကွယ်ရာဘက်သို့ လှည့်အိပ်နေသဖြင့် မည်သူနည်းဟု စဥ်းစားနေရန်ပင်မလိုလိုက်.. chanyeol ဖြစ်နေသည်ကို baekhyun အတပ်သိလိုက်သည်။

ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ ကုတင်ပေါင်းများစွာ ချထားသည့် အခန်းတစ်ခုဖြစ်နေသည်မို့ ဆေးရုံရောက်နေခြင်းဖြစ်မည်ဟု မှတ်ချက်ပြုမိသည်။ နောက်ဆုံးမှတ်ဉာဏ်အား မှတ်မိသလောက် ဦးနှောက်အား အလုပ်ပေးစဥ်းစားမိတော့ စတိုခန်းထဲတွင် ပိတ်မိနေသည်ကို သတိရသွားသည်။ မည်သူကယ်ထုတ်ခဲ့သလဲတော့ baekhyun မမှတ်မိတော့သော်ငြား ယခုတော့ဆေးရုံကုတင်ပေါ် ရောက်နေပြီဖြစ်ပြီး ဘေးတွင် chanyeol လည်းရှိနေ၍ အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။

နာရီကြည့်ရန်အတွက် လက်မြှောက်ကြည့်လိုက်တော့ လက်ကလှုပ်၍မရ။ baekhyun ဘယ်ဘက်လက်အား အပီအပြင်ဆုပ်ကိုင်ကာ တက်ဖိလျက် မှောက်အိပ်နေသော chanyeol ကြောင့်! မမြင်ရသော်ငြား လက်ကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ကို ခံစားမိသည်။ ရသလောက် လက်ကိုအနည်းငယ် လှုပ်ကြည့်သော်ငြား chanyeol နိုးသွားမည်စိုး၍ အရမ်းကြီးလည်းမလှုပ်ရှားရဲ။ အဘယ်ကြောင့် နိုးသွားမည်ကို စိုးရိမ်နေသနည်းတော့ baekhyun ဘာသာပင် နားမလည်။

ရုတ်တရက် baekhyun လက်ကိုပိုမိုဖိကိုင်လိုက်သော chanyeol ကြောင့် လန့်သွားရပြီး မကြာလိုက် ချက်ချင်းပင် ခေါင်းကို baekhyun ဘက်စောင်းလှည့်လာပြီး ပြန်လည်အိပ်ပျော်သွားသည်။ လက်ကိုမလွှတ်ပေး!

အနီးကပ်မြင်နေရသော chanyeol မျက်နှာသည် အနည်းငယ်ချောင်ကျသွားသယောင်။ မျက်တွင်းတို့သည်လည်း ချိုင့်ကျနေသည်မှာ ဘယ်နှညလောက် အိပ်ရေးပျက်ထားမှန်းမသိ။ မျက်နှာရှေ့နှာဖူးပေါ်သို့ တစ်စနှစ်စကျနေသော ဆံပင်ပုံစံကြောင့်လည်း တစ်မျိုးကြည့်ကောင်းနေပြန်သည်။ chanyeol တွင် နှုတ်ခမ်းထူထူကြီးများပိုင်ဆိုင်ပြီး ဝိုင်းစက်တောက်ပနေသော မျက်ဝန်းများလည်း ပိုင်ဆိုင်သောကြောင့် တွေ့တွေ့ချင်းအချိန်က baekhyun အလွန်အမြင်ကပ်ခဲ့သည်။ ထိုအချိန်က တစ်ခုတည်းသော စိတ်ကျေနပ် ကြည့်ရသည့်အချက်ကား အရပ်တူနေသည့် အချက်ပင်ဖြစ်သည်။ သို့သော်ငြား ယခုအချိန်တွင်မူ chanyeol သည် သူ့ထက်အရာရာ ကျော်လွန်ကာ ဘက်ပေါင်းစုံမှပြည့်စုံသာ လူငယ်တစ်ယောက် ဖြစ်နေနှင့်ချေပြီ။ မနာလည်းလိုမိသကဲ့သို့ အကြောင်းအရင်း ရေရေရာရာမသိသည့် အားရကျေနပ်ခြင်းကိုလည်း ဖြစ်စေသည်။

H Y U N GΌπου ζουν οι ιστορίες. Ανακάλυψε τώρα