Extra 3 : End of the Honeymoon

8.5K 569 51
                                    

Unicode

ပင်လယ်လေနံ့က နှာဖျားဝကျီဆယ်နေပြီး လေတိုးသံသဲ့သဲ့ကြောင့် baekhyun ခန္တာကိုယ်ကို ကွေးလိုက်မိသည်။ မျက်လုံးမဖွင့်ရသေးခင်တွင်ပင် ဘေးလူထံမှ အနမ်းတစ်ပွင့်ကို နဖူးပေါ်ခပ်ဖွဖွ ခံစားလိုက်ရသည်။ ခပ်ရေးရေးပြုံးမိလိုက်ပြီး ခါးကိုဖက်ထားသောလက်ကို အသာလေးလျှောချကာ လွှတ်ပေးလိုက်သည်။ မျက်လုံး ခပ်ဖြေးဖြေးဖွင့်ကြည့်လိုက်တော့ အပေါ်ပိုင်းဗလာနှင့် ကျောပေးထွက်သွားသော chanyeol ကိုတွေ့လိုက်ရသည်။ ရေချိုးခန်းထဲဝင်သွားသည်နှင့် မျက်စိရှေ့မှပျောက်သွားသော်ငြား ကျောပေါ်မှ ကုတ်ခြစ်ရာများကိုတော့ ထင်ထင်ရှားရှားမြင်လိုက်ရသည်။ တစ်ကိုယ်လုံး ကိုက်ခဲနေသည်တော့ မဟုတ်သော်ငြား အနည်းနှင့်အများတော့ နာကျင်မှုရှိသည်။ သို့သော်ငြား ပထမဆုံးအကြိမ်လောက်မဆိုး။ chanyeol ကတော့ ပထမဆုံးအကြိမ်ထက် ပိုဆိုးလာသည်။

ဂျယ်ဂျူတွင်အပန်းဖြေနေသည်မှာ တစ်ပတ်ပြည့်ပြီဖြစ်သော်ငြား နေရာတော်တော်များများကို baekhyun တို့ မလည်ပတ်ရသေး။ ထိုအကြောင်းပြချက်နှင့်ပင် chanyeol က နောက်တစ်ပတ်ထပ်နေဖို့ ဆုံးဖြတ်ချက်ချ၏။ ထိုကဲ့သို့ နှစ်ယောက်သား အတူနေသည့်ကိစ္စသည် နေ့တိုင်းနီးပါးဖြစ်သည်။ ညဘက်များတွင်သာမက နေ့ခင်းဘက် သို့မဟုတ် မနက်ဘက်စောစော တက်ကြွနေသည့် အချိန်များတွင်လည်း ဖြစ်သည်။ ရေချိုးခန်းထဲတွင်လည်းဖြစ်သည်။ မီးဖိုခန်းတွင်လည်း ဖြစ်သည်။ ဆိုဖာပေါ်တွင်လည်း ဖြစ်သည်။ မဖြစ်ဖူးသည့်နေရာဟူ၍ မရှိ။ baekhyun သည်လည်း ပါးစပ်ကသာ ငြင်းဆန်နေသော်ငြား ခန္တာကိုယ်က နှစ်ခြိုက်နေသည်မို့ chanyeol လက်ထဲက ဘယ်တော့မှမလွတ်။ baekhyun စဥ်းစားမိသည်မှာ အရင်နှစ်များတုန်းက chanyeol မည်သို့ထိန်းချုပ်နေခဲ့သနည်း ဆိုသည်ကိုပင်။ chanyeol ပုံစံသည် baekhyun ကိုမြင်တိုင်း သားကောင်ကိုမြင်သည့်အလား တက်ကြွနေပြီး ထိုသားကောင်ကိုလည်း အမြဲအလွတ်မခံစားသုံးတတ်သည်။။

နေ့တိုင်းနီးပါးမို့ baekhyun ပင်ပန်းသည်ကပိုများပြီး ဘယ်မှလျှောက်မလည်ဘဲ အိမ်ထဲတွင်သာနှစ်ပါးသွားရသည်။ chanyeol သည် baekhyun ဘက်ကိုအမြဲငဲ့ကြည့်သည်။ baekhyun ကိုဆိုလျှင် အမြဲအရိပ်တကြည့်ကြည့် ဂရုစိုက်တတ်သည်ကိုလည်း သိသည်။ ပါးစပ်ကထုတ်မပြောသော်ငြား ဤကိစ္စနှင့်ပက်သတ်ပြီး chanyeol အတတ်နိုင်ဆုံး ထိန်းချုပ်နေသည်ကို သေချာသိသည်။ ယခုလည်း နဖူးကိုသာတစ်ချက်နမ်းပြီးသည်နှင့် ရေချိုးခန်းထဲဝင်သွားသော chanyeol က သေချာပေါက် တစ်နာရီလောက်နေမှ ပြန်ထွက်လာလိမ့်မည်ပင်။ စောစောစီးစီး တက်ကြွနေသောပြဿနာကောင်ကို ဖြေရှင်းနေရလိမ့်မည်ထင်၏။

H Y U N GWhere stories live. Discover now